Good night

အခု C# ထဲမှာ Excel rows 100 ရှိတဲ့ file 26 ခုကို Access ထဲမှာ သွားပေါင်းတာကို ပြန်ပြင်ရေးနေတာ ပြီးပြီ။ အစက စက်က ဟမ်းနေတယ်။ အစအဆုံး ပြီးမှ အလုပ်ပြန်လုပ်တယ်။ ဒါနဲ့ backgroundworker ကို သုံးလိုက်တယ်။ အစက ၁ ခုပဲ သုံးတာ အဆင်မပြေဘူး။ ၂ ခုသုံးလိုက်တော့ တော်တော်အဆင်ပြေသွားတယ်။ check လုပ်ထားတဲ့ list item ကို စစ်တာ တစ်ခု။ excel ကနေ access ကို သွားထည့်တာ တစ်ခု။ စုစုပေါင်း ၂ ခုနဲ့ ရေးတာအဆင်ပြေသွားပြီ။ Good Job!!!

MySQL Fulltext ကို စမ်းတာ သိပ်အဆင်မပြေဘူး။ သူ့ idea အရဆိုရင်တော့ သူ့ theory က မှန်နေသလိုပဲ။

The idea is that if you have 10 million rows and 80% of them have the word “cow” in them, if you search for “cow”, you probably don’t want 8 million rows as your result set.

10 million rows အတွက်ဆိုရင်တော့ မဆိုးဘူး။ Row 100 လောက်အတွက်ဆို Fulltext search က သိပ်အဆင်မပြေဘူး။ ပုံမှန် like နဲ့ က ပိုအဆင်ပြေတယ်။ like ကလည်း 10 million လောက်ဆို အဆင်မပြေတော့ဘူး။ Fulltext မှ အဆင်ပြေတယ်။ Fulltext က ဘယ်လောက် တူလဲဆိုတဲ့ score point ပါ ထုတ်လို့ရတာ တော်တော်ကောင်းတယ်။ mediawiki က fulltext search ကို သုံးထားတယ်ထင်တယ်။ သေချာတော့ မကြည့်ရသေးဘူး။

ornagai မှာတော့ Fulltext မသုံးတော့ဘူး။ rows က ၃ သောင်းကျော်ပဲ ရှိတယ်ဆိုတော့။ ornagai က upload တင်ရတာခက်နေလို့။ အခုတလော conn ကျနေတာနဲ့ မတင်ဖြစ်သေးတာ အကုန်ပြီးသွားပြီ။ babylon,stardict,tsv file အဲဒါတွေကို upload တင်ဖို့ ခက်နေတယ်။

ornagai မှာ searching ကို ပြန်ပြင်ထားတယ်။ ကို ရှာရင် ကို ပဲတွေ့မယ်။ က-ိ-ု ပဲဖြစ်ဖြစ် က-ု-ိ ပဲဖြစ်ဖြစ် same result ဖြစ်နေရမယ်။ ကို ရှာရင် ကိုး ဆိုပြီးလည်း မပြတော့ဘူး။ နောက်ပြီးတော့ က ရှာရင် ကြ ကိုလည်း မပြတော့ဘူး။ တော်တော်အဆင်ပြေသွားပြီ။ အိပ်ပြီဗျာ… အခု မနက် ၄ နာရီ ထိုးသွားပြီ။ တာ့တာ…

2 responses to “Good night”

  1. ကိုပညာဖြန့်ဝေသူကြီးရေ ကျှန်တော်လည်းအကိုလို online web dictionary တခုလုပ်ချင်လို့ပါ။အဲဒါဘယ်လိုလုပ်လဲဆိုတာအ၇မ်းသိချင်လို့ပါ။Google search ကိုမေးလဲမ၇ပါဘူး။
    အနီးစပ်ဆုံး dictionary အတုတော့ လုပ်ကြည့်ပါတယ်။ဒါပေမဲအဲဒါကမှတ်စုသာသာလောက်ပါ။စကားလုံးတွေ
    လဲ၇ှာလိုမ၇ပါဘူး။ web domain လဲမပိုင်ပါဘူး။အဲဒါအကိူဆန္ဒရှိတဲ့အချိန်ခင်းဲပြပေးပါလို့အလုအယက်
    တောင်းဆိုအသံဝင်လိပ်ဂေါင်းထွက်လိုက်ပါတယ်။အောက်ကlink က ကွျှန်တော်ရဲ့dictionary အတုပါ
    http://dictionary.singachea.net/?user=andrewskyworker

  2. Add Word လုပ်စရာမတွေ့ဘူးလို့ ကျွန်တော့်ဆီမှာ လာအော်နေကြတယ်ဗျ။ ဖြုတ်ထားတာလား

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading