I Like Toshiba Laptop

ဟို့နေ့ကပေါ့… ကျွန်တော် laptop ညဘက်ကြီး power ပဲပိတ်ပြီး LCD ကိုဖွင့်ထားမိတယ်။ laptop ကို သေသေချာချာ ပြန်မပိတ်ခဲ့မိဘူးပေါ့ဗျာ။ မနက်ရောက်တော့ password က ဝင်မရဖြစ်ပါလေရော။ တစ်ယောက်ယောက်တော့ password ပြောင်းလိုက်ပြီ… ခက်တာပဲ… recovery လုပ်ဖို့ အခွေလည်းပါမလာဘူး… မဟုတ်သေးဘူး… ညက တစ်ယောက်မှ ငါ့ laptop ကို တစ်ယောက်မှ မထိတာ… ပြန်ရိုက်ကြည့်အုံးမှ… အဲဒီအခါမှာ တွေ့ပါလေရော….

ကျွန်တော့် laptop keyboard မရတော့ပါ.. တချို့ key တွေမရတော့ဘူး… ခေါင်းတော့ တကယ်စားတာပဲ.. အထဲမှာလည်း data တွေရှိသေးတယ်.. ဒါနဲ့ Lucky Bird ကို ပြေးတော့တာပဲ…

keyboard ညှိသွားတာဖြစ်မယ်…
Laptop ထားခဲ့လို့ရမလား…

ဘယ်အချိန်လောက်ရမလဲမသိဘူး…

မနက်ဖြန်လောက်ရမယ်… အဲ… မနက်ဖြန် ဒေဝါလီနေ့မို့ ရုံးပိတ်တယ်… ဒီနေ့ညနေ ရအောင် လုပ်ပေးမယ်..

ဟုတ်ကဲ့… ကျွန်တော် ညနေလောက်မှ လာခဲ့လိုက်မယ်…

ညနေရောက်တော့……

ကျွန်တော့် Laptop ရပြီလားမသိဘူး..

ရပါပြီ…. keyboard ပြောင်းလိုက်တယ်…. keypad ညှိတာ ရှင်းမရလို့… International Warranty လည်းရှိသေးတာနဲ့ လဲပေးလိုက်ပါတယ်..

Service ခ ကကော ….

ပေးစရာမလိုပါဘူး… Warranty ရှိသေးလို့ပါ…

ဒီလိုနဲ့ စုတ်ပြတ်သက်နေတဲ့ ကျွန်တော် keyboard လေးလည်း အသစ်လေးအတိုင်းပြန်ဖြစ်သွားပါလေတယ်… International Warranty ရှိတာ ဝယ်ထားမိတဲ့အတွက် စိတ်ချမ်းသာမိတာ အမှန်ပဲ…..

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading