if you will buy Game DVD For PC

အခုနောက်ပိုင်း Game က DVD တွေပဲ ဝင်လာတော့တယ်။ အရင်က Game အခွေကိုသာ ဝယ်တာ အိမ်ရောက်ရင် စက်နဲ့မကိုက်။ DVD ခွေဖိုး အလကားဖြစ်။ ဆော့လို့ရလည်း game က ကစားလို့ မကောင်း။ အဲလိုတွေ အခုတော့ မဖြစ်တော့ဘူး။ ဘာ အခွေဝယ်မလဲဆိုတာကို မဝယ်ခင် gamespot မှာ ကြည့်လိုက်တယ်။ အဲဒီမှာ rating ကောင်းရင်တော့ game ကတော့ ဆော့လို့ကောင်းဖို့ များတယ်။ ပြီးရင် wikipedia မှာ ရှာလိုက်တယ်။ wikipedia က system requirement က gamespot ထက်ပိုတိကျလို့။ hard disk requirement ပါ ပါတယ်လေ။ ကျွန်တော်က game အတွက် 3 GB ပဲပေးနိုင်တယ်။ အဲဒီ ထက်ပိုတဲ့ game ဆို မကစားဘူး။ တချို့ နောက်ပိုင်း game တွေက requirement အပြည့်အစုံပါတော့ဘူး။ အဲဒီအခါဆို gamespot ကိုပဲအားကိုးရတာပေါ့။ အဲလိုသိပြီး နောက်ပိုင်း game ခွေတောင် မဝယ်ဖြစ်တော့ဘူး။ ကိုယ့်စက်နဲ့ မကိုက်တဲ့ game တွေက တော်တော်များနေတယ်။ အခွေဖိုးကတော့ အလကားမဖြစ်တော့ဘူးပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading