if you will buy Game DVD For PC

အခုနောက်ပိုင်း Game က DVD တွေပဲ ဝင်လာတော့တယ်။ အရင်က Game အခွေကိုသာ ဝယ်တာ အိမ်ရောက်ရင် စက်နဲ့မကိုက်။ DVD ခွေဖိုး အလကားဖြစ်။ ဆော့လို့ရလည်း game က ကစားလို့ မကောင်း။ အဲလိုတွေ အခုတော့ မဖြစ်တော့ဘူး။ ဘာ အခွေဝယ်မလဲဆိုတာကို မဝယ်ခင် gamespot မှာ ကြည့်လိုက်တယ်။ အဲဒီမှာ rating ကောင်းရင်တော့ game ကတော့ ဆော့လို့ကောင်းဖို့ များတယ်။ ပြီးရင် wikipedia မှာ ရှာလိုက်တယ်။ wikipedia က system requirement က gamespot ထက်ပိုတိကျလို့။ hard disk requirement ပါ ပါတယ်လေ။ ကျွန်တော်က game အတွက် 3 GB ပဲပေးနိုင်တယ်။ အဲဒီ ထက်ပိုတဲ့ game ဆို မကစားဘူး။ တချို့ နောက်ပိုင်း game တွေက requirement အပြည့်အစုံပါတော့ဘူး။ အဲဒီအခါဆို gamespot ကိုပဲအားကိုးရတာပေါ့။ အဲလိုသိပြီး နောက်ပိုင်း game ခွေတောင် မဝယ်ဖြစ်တော့ဘူး။ ကိုယ့်စက်နဲ့ မကိုက်တဲ့ game တွေက တော်တော်များနေတယ်။ အခွေဖိုးကတော့ အလကားမဖြစ်တော့ဘူးပေါ့။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.