In this day

အခုတလော ornagai မှာ add လိုက်နေတာနဲ့ပဲ အချိန်ကုန်နေတယ်။ နောက်ပြီး Ubuntu မှာ stardict သုံးပြီးတော့ English Myanmar Dictionary စမ်းနေတာလည်း အဆင်ပြေသွားပြီ။ အခု Web Text Editor Version အသစ်စမ်းနေတာ။ အဲဒါကတော့ မရသေးဘူး။ အခု Version အသစ်မှာ အခြား project တွေကပါ ယူသုံးလို့ရအောင်ပေါ့။ အခု MZ မှာတော့ စမ်းသုံးထားတယ်။ ကျွန်တော့် blog မှာလည်း စမ်းထည့်ထားတယ်။ အခုဟာက service မဟုတ်ပဲ တိုက်ရိုက်ခေါ်သလိုဖြစ်နေတယ်။ ဒါကြောင့် service အနေနဲ့ ပြန်ပြောင်းရအုံးမယ်။ PHP file run လို့ရတဲ့ hosting တွေမှာဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်။ အခုလက်ရှိ စမ်းသပ်နေတာ HTML နဲ့ရအောင်ပေါ့။ ဒါပေမယ့် မရသေးဘူး။ နောက်ဆုံး မရတော့ရင် PHP နဲ့ပဲ လုပ်တော့မလို့။

အခုတလော Windows မှာ သဘောကျမိတဲ့ Software လေးတွေက

Stardict
သူကတော့ dictionary software ပေါ့။

GOMPlayer
သူကတော့ video player. VLC ထက်ပိုကောင်းတယ်လို့တော့ ထင်တာပဲ။

FormatFactory
မိုက်တယ်။ format အမျိုးမျိုးပြောင်းလို့ရတယ်။ MP3, Video , Pic စတာတွေကို တစ်နေရာတည်းပြောင်းလို့ရတယ်။

Ubuntu ကတော့ မသုံးဖြစ်သေးဘူး။ 20 GB ပေးထားတာ ပြည့်သွားလို့ အစကနေ ပြန်ပြီး စီစစ်ပြီး ပြန်သွင်းရမယ်။ Ubuntu ကိုနည်းနည်းပြင်ပြီး satubuntu ပြန်ထုတ်ရအုံးမယ်။ ဟူး… ပိုက်ပိုက်လည်း ခမ်းနေတယ်.. လုပ်စရာတွေကလည်း များပါ့…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading