In this days

၉ရက်နေ့ မနက် ၆ နာရီ က ဘုန်းကြီးဝတ်တယ်…

နှစ်ဆန်း ၁ ရက်နေ့
မနက် ၆ နာရီ လူဝတ်လဲတယ်..
၇ နာရီ မန်းတလေးသွားတယ်…

လူထွက်တာက လူထွက်ရတာနဲ့ မတူဘူး… လူ့ပြည်ဆင်းရသလိုပဲ… အပူအပင်တွေ တပွေ့ တပိုက်ကြီးတွေ ဆီးကြိုတာပဲ… ဒီတစ်ခေါက် ဘုန်းကြီး ဝတ်ရတာ တော်တော်စိတ်ချမ်းသာတယ်… စကားနှစ်လုံးပဲရလာတာပါ။ ဖြစ်ပျက် တဲ့။ အရာရာအားလုံးဟာ ဖြစ်ပျက်ကြီးပါပဲ ဆိုတဲ့ သီအိုရီလေး ရလာတယ်။ တော်တော်လေးကို ကောင်းပြီး အကျိုးရှိသွားတယ်။ တခြား အပိုင်းက ornagai အတွက် စဉ်းစားမိတာအသစ်လေးတွေရှိလာတယ်။ နောက်ပြီးတော့ search engine design လေးတွေ ရေးဖြစ်နေတယ်။ Zawgyi မှာ ရှာဖို့အတွက် တံ က တုံ နဲ့ မတူသလို တုံး နဲ့လည်း မတူဘူး။ ဒါကြောင့် တံ ကိုရှာရင် တုံတွေ တုံး တွေ မပြရဘူး။ အဲဒီအတွက် စလုပ်နေတယ်။ ၄၀% ပဲ အဆင်ပြေသေးတယ်။ နောက်ပြီး မြန်မာစာ spell check တွေ ပါလာမယ်။ စာလုံးပေါင်းမှားတဲ့ဟာတွေအတွက်ပေါ့။ အဲဒီက technology တွေအကုန် open technology တွေပါပဲ။ အကုန်ပြီးရင်တော့ ချပြမှာပါ။ အခုထက်ထိတော့ မပြီးသေးဘူး။ လိုနေသေးတယ်။

ဒီအတောအတွင်း MZ ကို ထိန်းသိမ်းထားပေးတာတွေ ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ရန်ကုန်ပြန်လာမယ်။ ၁ ရက်နားမယ်။ နောက်နေ့ကစပြီး အလုပ်တွေ ပြန်လုပ်ရမယ်။ ရန်ကုန်ရောက်ရင်လည်း အလုပ်တွေ ဆီးကြိုနေတယ်။ ဒီညတော့ zawgyi character breaking system ကို ပြီးအောင် ရေးကြည့်ရမယ်။ အင်တာနက်က မရှိတော့ ရေးရတာ နည်းနည်းကြာတယ်။ အင်တာနက်ရှိရင် ၁၀ မိနစ်ရမှာကို မရှိတော့ မိနစ် ၂၅ လောက်ကြာနေတယ်။ ရန်ကုန်ရောက်ရင်တော့ ပြန်လုပ်ရမှာတွေက အများကြီးပါပဲလေ….

3 responses to “In this days”

  1. လူငွေ့တွေနဲ့ပူနေဦးမှာပဲလေ :P

  2. ဘုန်းကြီးဝတ်တယ်ဆိုတော့ ကောင်းပါတယ်… သြင်္ကန်တွင်းမြင်ရသမျှက စိတ်မချမ်းသာတွေချည်းမို့လို့…

    1. ဟုတ်… ဘုန်းကြီးဝတ်ရတာ တော်တော်စိတ်ချမ်းသာတယ်.. :)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading