Invalid Bundle For dylib Search Path

Ornagai ကို ဒီတစ်ခေါက် App store ပေါ်ကို Swift 3 ပြောင်းပြီး Xcode 8 နဲ့ တင်တော့

Invalid Bundle – One or more dynamic libraries that are referenced by your app are not present in the dylib search path.

ဆိုပြီး ပြနေတယ်။

နည်းမျိုးစုံ ရှာပြီး စမ်းပေမယ့် မရဘူး။ တချို့တွေကတော့ framework ကျန်ခဲ့လို့ဖြစ်မယ်။ otool -L [filename] နဲ့ စစ်ကြည့်လို့ ပြောတယ်။

@rpath နဲ့ ဖြစ်ရမယ်လို့ ဆိုပေမယ့် စစ်ကြည့်တော့လည်း မူမမှန်တာ မတွေ့ဘူး။

တချို့တွေကတော့ Always Embed Swift Standard Library ကို YES လုပ်ပေးဖို့ လိုတယ်လို့ ဆိုလို့ စမ်းပေမယ့် Apple Watch app က file size ကြီးသွားသည့် အတွက် တင်လို့ မရတော့ဘူး။

အချိန် ၃ ရက်လောက် ကုန်သွားပြီးတော့မှ ပြဿနာရဲ့ အဖြေကို သွားတွေ့တယ်။

Always Embed Swift Standard Library ကို Watch App Target တစ်ခု တည်းပေးရုံပါပဲ။

Always Embed Swift Standard Library ကို

  • MyApp ကို No
  • MyWatchApp ကို YES
  • MyWatchAppExtension ကို NO

လို့ ပေးပြီး upload တင်လိုက်တော့ အဆင်ပြေသွားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading