iOS 7 SDK , Xcode 5

ဒီတစ်ခေါက် WWDC မှာ iOS 7 beta နဲ့ Xcode 5 ကို ကြေငြာခဲ့ပါတယ်။ iOS 7 အသစ်မှာ

  • UIKit Dynamics
  • Text Kit
  • Multitasking Enhancements
  • Sprite Kit Framework
  • Game Controller Framework
  • AirDrop (AirDrop support is now built-in to the existing UIActivityViewController class)
  • Multipeer Connectivity framework
  • JavaScript Core framework
  • Safari Services framework

စတာတွေ အသစ်ပါဝင်လာတယ်။ အကုန်လုံးကို သေချာမကြည့်ရသေးဘူး။

WWDC က offline download လုပ်ခွင့်မပေးတာကြောင့်လည်း online ရှိမှ ကြည့်ဖြစ်တယ်။ အခုတော့ WWDC video တွေကို offline ပေးထားပြီဖြစ်တဲ့အတွက် download ချပြီး ကြည့်လို့တော့ရပြီ။ Text Kit ကိုတော့ သဘောကျတယ်။ သုံးရတာလွယ်တယ်။ Bold တို့ Text Color ပြောင်းတာတို့ကို လုပ်ရတာ အရင်ကထက်လွယ်သွားတယ်။ Game Controller Framework ပါလာတဲ့အတွက် မကြာခင်မှာ iPhone , iPodTouch တို့အတွက် Controller တွေ တွေ့ရပါတော့မယ်။ အခု Logitech က iPhone Game Controller ထွက်မယ်ဆိုပြီး သတင်းထွက်နေပါတယ်။ Cocos 2D လိုမျိုး Sprite Kit ဆိုတဲ့ game framework အသစ်ပါလာတယ်။ သေချာတော့ မကြည့်ရသေးဘူး။ အပေါ်ယံကြည့်ကြည့်တာကတော့ cocos 2d ပုံစံ မျိုးလိုပဲဟု ဆိုရမလိုပဲ။ Multipeer Connectivity framework ပါလာတာကြောင့် Peer to Peer App တွေ ရေးလို့ရတော့မယ်။ ဓာတ်ပုံ , video , URL စတာတွေကို iphone အခြင်းခြင်း လွယ်လွယ် ကူကူ share တာတွေ လုပ်လို့ရလာပါလိမ့်မယ်။ Safari Services Framework ကတော့ Safari ရဲ့ Reading list ကို access လုပ်ခွင့်ပေးထားတယ်လို့ ဖတ်ရတယ်။ သေချာမစမ်းရသေးဘူး။ UIKit မှာတော့ အပြောင်းအလဲတွေ ရှိတယ်။ အသစ်တွေ တော်တော်ပါလာတယ်။ Air Drop support လုပ်ပေမယ့် iPad 4 , iPhone 5 , iPad mini ကိုပဲ support လုပ်မယ်ဆိုတာကြောင့် ကျွန်တော်တော့ စမ်းလို့မရသေးဘူး။

iOS 7 က Icon design ကတော့ စိတ်ပျက်ဖွယ်ကောင်းသလို UI/UX ကတော့ ကျွန်တော့် အကြိုက်မဟုတ်ဘူး။ Dribbble က designer တွေ ဆွဲရင် ဒီထက် ပိုလှပြီး ပိုကောင်းမယ်လို့တောင် ထင်မိတယ်။ အခုဟာကတော့ တကယ့်ကို အလောတကြီးလုပ်ထားတဲ့ UI/UX တွေ icons design တွေလို့ပဲ မြင်နေတယ်။ iOS 8 မှပဲ Apple က အချောသတ်တော့မယ်နဲ့ တူတယ်။ iOS 7 မှာတော့ မြန်မာစာ မပါပေမယ့် မြန်မာစာ crash မဖြစ်တော့ဘူး။

ဘာပဲပြောပြော iOS 7 က စောင့်ကြည့်သင့်တယ်။ keynote ထဲမှာ ပြောသွားတာက iOS SDK မှာ ပါတဲ့ feature အကုန်တောင် မဟုတ်ဘူး။ အကုန်ပြဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ချန်ထားသလိုပါပဲ။ Mac OS X Mavericks ကို စမ်းပြီးတယ်သူတွေကတော့ တော်တော်လေးကို stable ဖြစ်နေပြီလို့ ဆိုကြတယ်။

Xcode 5 မှာကတော့ LLVM အသစ်ပါလာတယ်။ Module ဆိုတာ ပါလာတယ်။ သူက .m ကို compile မြန်အောင် library တွေကို ချိတ်ဆက်တာ ပိုပြီး ကောင်းအောင် ဖန်တီးပေးထားတယ်။ Module ကြောင့် compiling နဲ့ indexing ပိုမြန်လာတယ်။ Source Code Control က ပိုပြီး strong ဖြစ်လာတယ်။ နောက်ပြီး po အစား mouse pointer လေးထောက်လိုက်တာနဲ့ရပြီ။ UIColor ဆိုလည်း popup နဲ့ color code ပါမြင်ရတယ်။ UIImage ဆိုရင် Image ပါပြပေးလာပြီ။ po သုံးခဲ့တုန်းက uiimage နဲ့ uicolor က object ရှိမရှိလောက်ပဲ စစ်တာ အဆင်ပြေတယ်။ အခုတော့ အရင်ထက် ပိုကောင်းလာတယ်။ Xcode 5 မှာ Xcode 4 ထက် ပိုမြန်မယ်လို့ မျှော်လင့်ရတယ်။

 ဒီနှစ်ကုန်ခါနီးမှာတော့ iOS 7 က stable ဖြစ်မယ်လို့ မျှော်လင့်ရင်း iOS 7 SDK တွေလေ့လာရပါအုံးမယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.