အခုတလော Twitter မှာ HomePod’s firmware ထဲမှာ iPhone 8 design ပါဝင်လာတာကို ရေးသာားကြတာကို တွေ့ရတယ်။ ဒါ့အပြင် Apple Pay ရဲ့ Animation Glyph မှာ ပါလာသည့် အတွက် သေချာသလောက်ပါပဲ။

https://twitter.com/stroughtonsmith/status/892215793202728961

နောက်ပြီးတော့ code တွေ အရဆိုရင်တော့ သေချာသလောက် ဖြစ်နေပါပြီ။
Some interesting related strings (I’m guessing you’ve come across these) pic.twitter.com/Go5ZVFlzea
— Jeff Grossman (@Jeffrey903) August 1, 2017

နောက်တချက်က Face ID ဆိုတာ ပါလာဖို့များပါတယ်။ Phone unlock ကို မျက်နှာကို scan ဖတ်ပြီးတော့ unlock လုပ်နိုင်ဖို့များလာတယ်။ iOS 11 မှာ ပါလာသည့် Metal ML ပါလာသည့် အတွက်ကြောင့် ဖြစ်နိုင်ချေရှိတယ်။
Looks like Pearl (Face ID) has a two step scan enrollment process pic.twitter.com/6MvM1rDZCP
— Jeff Grossman (@Jeffrey903) August 1, 2017
လက်ရှိ ပြဿနာ ဖြစ်နိုင်တာ ဆိုလို့ status bar မှာ loading အနေနဲ့ သုံးထားသည့် UI တွေကတော့ ပြန်ပြင်ရမယ်။ iPhone 8 မှာ status bar က အပြည့် မဟုတ်တော့ပဲ တဝက် စီ ဖြစ်သွားတာကြောင့် status bar မှာ loading ပြလို့မရတော့ဘူး။ Face ID က TouchID လိုမျိုး API ထုတ်ပေးမလား စောင့်ကြည့်ဖို့ လိုမယ်။ အဲဒါဆိုရင် Touch လုပ်စရာ မလိုတော့ပဲ app ကိုလည်း unlock လုပ်နိုင်အောင် ဖန်တီးလို့ ရပြီ။ သို့ပေမယ့် security ဘယ်လောက်ထိ ကောင်းလဲဆိုတာလည်း စောင့်ကြည့်ရပါအုံးမယ်။
Leave a Reply