Language , framework ? it doesn’t matter

Node.js ကို စသုံးတုန်းကတော့ အတော်ကို သဘောကျပြီးတော့ Node.js နဲ့ ပဲ web ကော script တွေပါ အကုန် ရေးဖြစ်တယ်။ အခု project တစ်ခုကို ပြန်လုပ်တော့ ဘာနဲ့ မြန်မြန်ပြီးမလဲဆိုပြီး စဉ်းစားတော့ slim framework ကို စဉ်းစားမိပြီး slim နဲ့ ပဲ လုပ်လိုက်တာ တော်တော်လေးကို မြန်မြန်ဆန်ဆန် ပြီးသွားတယ်။ Front end ကိုတော့ HTML , jQuery ပဲ သုံးထားပြီး backend ကိုတော့ restful ကို slim နဲ့ လုပ်လိုက်တာ ပြီးသွားတယ်။ Database ကတော့ အရင် အဟောင်း data ရှိတဲ့ အတွက် mysql ကိုပဲ သုံးထားတယ်။ အရင်တုန်းကလိုဆိုရင်တော့ Express JS နဲ့ restful ရေး။ Mongodb database နဲ့ font end ကို ember.js နဲ့ ချမယ်ဆိုပြီး စိတ်လေးတွေ ရှိပေမယ့် နောက်ပိုင်းမှာ language တွေ framework တွေက ကိုယ့်အတွက် သိပ်ပြီး အရေးမပါလာ သလိုပဲ။

Node.js က မြန်တယ်။ PHP က နှေးတယ်။ Mongodb က မြန်တယ်။ MySQL က realational database ကြီး။ စသည်ဖြင့် ဘယ်လို ပဲ ငြင်းခုံနေပါစေ တကယ် အလုပ်ဖြစ်ဖို့ work done က အရေးကြီးတယ်။ Learning အဆင့်မှာ မသိတဲ့ အသစ် တစ်ကို လေ့လာတာ ဘာ ပြဿနာ မှ မဟုတ်ပါဘူး။ အသစ်လေ့လာလို့ ကိုယ့်ရဲ့ အတွေ့အကြုံတွေ တိုးလာတယ်။ ဒါပေမယ့် ငါလေ့လာနေလို့ ငါရေးနေလို့ ဒါက ပိုကောင်းတယ်လို့ ဆိုလို့ မရဘူး။ Node.js က မြန်ပေမယ့် သေသေချာချာ မကျွမ်းကျင်သေးရင်တော့ ဘာမှ ထူးခြားမှာ မဟုတ်ဘူး။ Node.js ကို သုံးတဲ့ အခါမှာ static file တွေ အတွက် ပိုပြီး loading ပေးရတဲ့ အပိုင်းတွေ ရှိလာတယ်။ server config တွေကို ပိုသိဖို့ လိုလာတယ်။ MySQL ကို index မလုပ်ပဲ search လုပ်တာ နှေးနေတယ်လို့ ပြောတာတွေလည်း တွေ့ဖူးတယ်။ ဘယ် language , framework မဆို pros နဲ့ cons တွေ ရှိတာပဲ။

Project တစ်ခုကို ရေးမယ့်အခါ ရက် ဘယ်လောက်ရနိုင်မလဲ လူဘယ်လောက် ဝင်နိုင်မလဲ ၊ server loading က ဘယ်လောက် ထိ သုံးလို့ ရမလဲ ဆိုတာကို ကြည့်ပြီးတော့ language တွေ framework တွေ ရွေးချယ်ရတာပဲ။ Team နဲ့ အလုပ်လုပ်တဲ့ အခါဆိုရင်လည်း team နဲ့ အဆင်ပြေမယ့် framework , language တွေ နဲ့ အသုံးပြုရတာပါပဲ။

နောက်ပိုင်း script တွေကိုတော့ python ထက် node.js နဲ့ ရေးဖြစ်တယ်။ web ကနေ scraping လုပ်။ data တွေကို စနစ်ကျအောင် ပြန်စီစဉ်ပြီး လိုပ်အပ်တဲ့ နေရာတွေမှာ သုံးဖို့ လိုအပ်တဲ့ format ကို ရအောင် ဖန်တီး။ အဲလိုမျိုးကိစ္စတွေမှာ node.js က အဆင်ပြေမယ်။ node.js မှာ dom ရှိသလို jquery ကိုလည်း အသုံးပြုလို့ရတယ်။ လိုအပ်တဲ့ data တွေကို ရလာတဲ့ HTML ထဲကနေ jquery နဲ့ ဆွဲထုတ်လိုက်ရုံပဲ။ PHP နဲ့ လုပ်တုန်းက XML Element အနေနဲ့ ဆွဲထုတ်ခဲ့ရတာ မှတ်မိသေးတယ်။ အဲတုန်းက တော်တော်ရေးလိုက်ရတယ်။ node.js ကို အသုံးပြုပြီး jquery သုံးလိုက်တော့ အတော့်ကို လွယ်သွားတယ်။

နောက်ပိုင်း language တွေ framework တွေ နဲ့ ပတ်သက်ပြီး အငြင်းအခုံလုပ်မနေတော့ဘူး။ ငြင်းခုံနေဖို့လည်း သိပ်မလိုလောက်ဘူး။ ကိုယ် လိုအပ်တဲ့ အချိန်မှာ ဘယ် language , ဘယ် framework တွေကို ဘယ်လို အသုံးပြုရင် မြန်ပြီး အကျိုးရှိနိုင်မလဲ ဆိုတာက ပို အရေးပါတယ်လို့ မြင်လာမိတယ်။

2 Comments

  1. Poe says:

    bro Strapi သို့မဟုတ် cockpit စတဲ့ headless CMS တွေသုံးကြည့်ပါလား အရမ်းမြန်တယ် အရမ်းလည်းလွယ်တယ် :)

Leave a Reply to saturngod Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.