magic mouse and me

ဗုဒ္ဓဟူးနေ့က Apple ကနေ magic mouse deliver ရောက်လာပါပြီ။ စစခြင်းရတုန်းက ဘယ်လို ဖွင့်ရမှန်းတောင် မသိဘူး။ ကျွန်တော်ကိုယ်တိုင်က manual မဖတ်ခင် ကိုယ်တိုင် စမ်းကြည့်ရတာ အကျင့်ဖြစ်နေလို့လားမသိ manual မဖတ်ဖြစ်ဘူး။ power ဖွင့်ပြီးတော့ macbook မှာလာပြီး detect မဖြစ်တော့ နည်းနည်းတောင် ကြောင်တောင် ဖြစ်သွားတယ်။ မရတော့ ဘာလုပ်လဲဆိုတော့ ရုံးက designer ကို လှမ်းမေးလိုက်တာပေါ့။ manual ဖတ်နေရင် ကြာနေအုံးမယ်လေ။ နောက်မှ bluetooth ကနေ browser device လုပ်ပြီး ခေါ်လိုက်မှ သိသွားတာကို။ ရုံးက Designer ကည်း magic mouse နဲ့ပဲ။

magic mouse ကို သဘောကျတာကတော့ touch လို့ပဲ ဆိုရမလားမသိဘူး။ ပုံမှန်အားဖြင့် သာမာန် mouse တွေကို အပေါ်အောက်ပဲ scroll ဆွဲလို့ရတယ်။ excel လိုမျိုး အပေါ်အောက်က အပြင် ဘယ်ညာပဲ scroll ပါရင် တော်တော်အလုပ်ရှုပ်တယ်။ mouse နဲ့ ရွေ့လို့မရတော့ဘူးလေ။ အပေါ် အောက်ကို scroll ရွှေ့လို့ရပေမယ့် ဘယ်ဟာ ရွှေ့လို့မရဘူး။ magic mouse ကတော့ အပေါ်အောက်အတွက် အပေါ်အောက် drag ဆွဲ။ ဘယ်ညာအတွက် ဘယ်ညာ drag ဆွဲပဲ။ အဲဒါလေးကို သဘောကျတယ်။ right click ကလည်း အဆင်ပြေပါတယ်။ left click ကတော့ လည်း တူတူပါပဲ။ ထူးတာကတော့ ပြောင်ပြီး ချောနေတာနဲ့ ပွတ်လို့ ကောင်းတာပဲ။ browser တွေမှာ back နဲ့ forward အတွက် လက် ၂ ချောင်းနဲ့ ဘယ်ညာ ဆွဲပြီး ပြောင်းလို့ရတာကတော့ တော်တော် သဘောကျတယ်။

သဘောမကျတာကတော့ touch က ၂ ခု ပဲပါတာပဲ။ ကျွန်တော် show desktop နဲ့ expose ကို mouse နဲ့လုပ်လို့မရဘူး။ အဲဒီတော့ ထောင့်နှစ်နေရာကို setting ချထားတယ်။ ညာဘက် ထောင့်အပေါ်ဆုံးကိုသွားရင် expose နဲ့ ဘယ်ဘက်ဆိုရင် desktop ပေါ့။ software တစ်ခုသွင်းပြီးတော့ magic mouse နဲ့ လုပ်လို့ရအောင် setting ချလို့ရပေမယ့် မသွင်းချင်တော့ဘူး။

Magic Mouse က သာမာန် mouse တွေထက် ပါးပြီး ပြောင်ချောနေတဲ့အတွက် အခြား mouse တွေကို ပြန်ကိုင်တဲ့အခါမှာ ကြီးနေတယ်လို့ ခံစားရတယ်။ နောက်ပြီး scroll ဆွဲတာက magic mouse က တော်တော်လေးကို ကောင်းမွန်တယ်။ သို့ပေမယ့် magic mouse က pointer ကို ရွှေ့ရတာ အခြား mouse တွေ ထက် နှေးနေသလိုပဲ။ အမြန်ဆုံး setting ပြောင်းထားတာတောင် နှေးနေတယ်လို့ ခံစားရတုန်းပဲ။ magic mouse ကို ရွှေ့ရတာ အခြား mouse တွေထပ် ပိုလေးတယ်။ AA battery ၂ လုံးဖြည့်ထားတာကြောင့် ဖြစ်လိမ့်မယ်။ Battery ကတော့ တော်တော်စားတယ်လို့ ဆိုရမယ်။ Magic Mouse ဝယ်ပြီးရင်တော့ charger နဲ့ AA battery rechargeable ၂ လုံးတော့ ဝယ်ရလိမ့်မယ်။

ဘာပဲပြောပြော.. ဈေးက S$98 ဆိုတာ မတန်ဘူးဆိုပေမယ့် ရပြီး သုံးလိုက်ရတော့လည်း ပျော်စရာပဲပေါ့ဗျာ။ $98 မတန်ဘူးထင်ရင် အလောင်းအစားနေနဲ့ auction site တွေမှာ ဝင်ပြီးဆွဲကြည့်ပေါ့။ ကံမကောင်းရင်တော့ S$98 ထက်ပိုပေးရလိမ့်မယ်။ ကံကောင်းပြီး ကိုယ်နဲ့ ပြိုင်မိုက်မယ့် အဖော်မရှိရင်တော့ ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ သို့ပေမယ့်လည်း သေချာတဲ့အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။ ကျွန်တော်ကတော့ auction site တစ်ခုကနေ ဝင်ဆွဲပြီး S$90 နဲ့ ရလာတာလို့ ဆိုရမယ့်။ S$8 ကျပ်သက်သာပေမယ့် ကံမကောင်းရင် သာမာန် ဈေးထက်ပိုသွားနိုင်တဲ့ ကိန်းရှိပါတယ်။

Apple သမားဆိုရင်တော့ magic mouse ကို ကြိုက်မှာ သေချာပါတယ်။ သူများ magic mouse ကို ခဏ သုံးရတာနဲ့ ကိုယ့် magic mouse ကို ၁ ရက် သုံးရတာ အများကြီးကွာပါတယ်။ magic mouse က စစသုံးချင်မှာ အကြိုက်တွေ့မှာ မဟုတ်ပေမယ့် သုံးနေရင်း စွဲသွားမှာတော့ သေချာပါတယ်ဗျာ။

4 Comments

  1. zip says:

    battery ကတော့ တော်တော်ကို စားတယ်ဗျ. ဟုတ်တယ် pointer ကိုရွှေ့ရတာတော့ တခြား mouse တွေထက်စာရင် နှေးနေသလိုပဲ.. ဒါပေမယ့် Mac နဲ့ကျတော့ ဒါလေးက အမိုက်ဆုံးဗျ.. :)

    1. saturngod says:

      ဟုတ်တယ်။ Magic Mouse နဲ့ Macbook ကတော့ တော်တော်လိုက်တယ်လို့ ဆိုလို့ရတယ်။

  2. Pyae Pxyo Aung(MZ) says:

    သုံးချင်ပေမယ့် Mac မရှိတော့ ထိုင်ကြည့်နေရတဲ့ဘ၀ :(။windows ပေါ်မှာသုံးလို့ရရင်ကောင်းမှာဘဲ။

    1. ပိုး says:

      Window မှာလဲသုံးလို့ရပါတယ်ခင်ဗျ …

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.