Math & Programming

တစ်ခါတစ်လေတော့လည်း ၉ တန်း ၁၀ တန်းမှာ သင်္ချာ စိတ်ပါဝင်စား လုပ်ခဲ့တာ တော်တော်အကျိုးရှိပါလားလို့ တွေးမိတယ်။ အခုနောက်ပိုင်း iOS တွေ ရေးရတော့ Game ပိုင်းမှာကော UI Development အပိုင်းမှာပါ သင်္ချာက အသုံးဝင်လာတယ်။ Law of cosines ကို မေ့သွားလို့ wiki က Triangle မှာ သွားဖတ်ရသေးတယ်။ အနား ၃ နား သိရင်တော့ တြိဂံရဲ့ ထောင့် ၃ ထောင့်ကို သိရမှာပေါ့ လို့ ဆိုပေမယ့် ဘယ်လို တွက်ရမှန်း မသိတော့ဘူး။ wiki မှာ ဖတ်လိုက်တော့ အော် … Law of cosines ပါလား ဆိုပြီး ပြန်မှတ်မိသွားတာပဲ။ Pythagorean theorem က point ၂ point အကွာ အဝေးကို သိဖို့အတွက် တွက်လာတာ ကြာပြီဆိုတော့ သုံးတတ်တယ်။ ဘာပဲ ပြောပြော ကျောင်းက သင်္ချာတွေ အခုအချိန်မှာ ပြန်သုံးလို့ရတာ သင်ခဲ့ပေးတဲ့ ဆရာတွေကို ကျေးဇူး တင်မိတာ အမှန်ပဲ။ သင်တုန်းကတော့ ဘယ်မှာ သုံးရမှန်း မသိ။ တွက်ရတာ ပျော်ဖို့ ကောင်းလို့တာ တွက်လာခဲ့တာ။ အခုမှပဲ အကောင်အထည်နဲ့ကို မြင်ရတော့တယ်ဗျာ။ အဲဒီ အကြောင်းကို ဒီမှာ ရေးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading