My Toshiba Laptop Problem

ကျွန်တော့် laptop ကို Apirl 30 ကမှ ဝယ်ထားတာ။ လွန်ခဲ့တဲ့ နှစ်ရက်က laptop ရဲ့ LCD အဖွင့်အပိတ်လုပ်တဲ့နေရာ အံချော်သွားတာလား ၊ ဟသွားတာလား မသိဘူး။ ကောင်းကောင်း ပြန်ပိတ်လို့မရတော့ဘူး။ ဒါနဲ့ ဝယ်ထားတဲ့ Lucy Bird ဆိုင် မှာသွားပြတယ်။ ဝန်ထမ်းတွေကတော့ ချိုချိုသာသာပါပဲ။ ကျွန်တော်လည်း ၁ နှစ်တောင် မပြောနဲ့ ၃ လပဲရှိသေးတော့ ဒီ hardware လည်းမဟုတ် software လည်းမဟုတ် အပြင်ဘက် အကာလေး နည်းနည်းလေး ဟ သွားတယ်လို့ပဲ ထင်တယ်။ သွားပြတော့ ချက်ခြင်းပဲ ကြည့်ပေးမယ်ဆိုပြီး ယူသွားတယ်။ စောင့်တော့ စောင့်လိုက်ရတာပေါ့။ ခဏကြာတော့ မရပါ။ ထားခဲ့ရမယ်တဲ့။ ဖြစ်လားတဲ့။ အမှန်တိုင်းပြောရင် စိတ်ဓာတ်တော်တော်ကျသွားတယ်။ ကျွန်တော့် laptop က အံလွဲနေလို့တဲ့။ တစ်ခုလုံးဖြုတ်ပြီး ပြန်တတ်ရမယ်တဲ့။ အမှန်တိုင်းဆို အဖွင့်အပိတ်လေးများသွားတာပဲရှိတယ်။ ထားလိုက်ပါ။ ကျွန်တော်က အမြဲအဖွင့်အပိတ်လုပ်နေတာဆိုတော့။ ဒါနဲ့ ထားခဲ့လိုက်တယ်။ ဒီနေ့ ဖုန်းဆက်လိုက်တော့ ပိုဆိုးကုန်ပါလေရော။ ပစ္စည်းက မရှိပါဘူးတဲ့ဗျာ။ စလုံးကို လှမ်းမှာရမှာတဲ့။ တကယ်လန့်သွားတာအမှန်ပဲ။ လန့်တယ်ဆိုတာက ပြင်ခ ဈေးတောင်းမှာကိုပဲ။ ဒါနဲ့ အဲဒီ ပစ္စည်း warranty ထဲမှာ ပါလားဆိုတော့ မသိဘူးတဲ့။ မေးကြည့်ပေးမယ်တဲ့။ လူကတော့ စိတ်ဓာတ်က ကျပြီးရင်ကျပဲ။ ကိုယ့် computer မဟုတ်ရင် သုံးရတာ အဆင်ပြေတယ်လို့ မထင်ဘူးလေ။ လိုအပ်တဲ့ software တွေက မရှိဘုူးလေ။ စာစီစာရိုက်လုပ်တာအစ ပြသနာ။ နောက်ပြီး သိမ်းထားတဲ့ file တွေက ပါသေး။ နောက်ပြီး windows ကြီးသုံးရတာ အာမထိ လျှာမထိ သုံးလို့ကို မကောင်းဘူး။ သွင်းထားတဲ့ Ubuntu ကိုပဲသုံးတာ ကြာပေါ့။ အခုတော့ သူများစက်က windows ကိုပဲ သုံးနေရတယ်။ တစ်ရက်လောက်ဆိုပြီး ထားခဲ့လိုက်တာ။ ဘယ်လောက်ကြာမလဲမသိဘူး။ တစ်ခါတစ်ခါ စဉ်းစားမိတယ်။ Toshiba ဝယ်တာမှားသွားပြီလားမသိဘူး။ ASUS ဝယ်ရင် ချက်ချင်းလဲပေးလောက်တယ်။ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး အကြောင်းပြန်တာ ရှားတယ်။ warranty ကာလအတွင်း ပျက်ရင် ချက်ခြင်း ပြန်လဲပေးတာ ကိုတော့ သဘောကျတာ အမှန်ပဲ။ အခု Toshiba က warranty ၃လ တောင်မပြည့်သေးဘူး အဖွင့်အပိတ်က စပြီး ပြသနာတက်ပြီး။ LCD မထိတာပဲ တော်ပါသေးတယ်။ ကျွန်တော့် laptop လေး မြန်မြန်ပြန်ကောင်းပါစေ……. သူမရှိပဲ မနေတတ်လို့ပါ…….. အမှန်ဆုံး…. ပြန်ကောင်းလာပါစေ………..

4 responses to “My Toshiba Laptop Problem”

  1. Bro,I wish your notebook will be return to you ASAP

  2. what mean of ASAP ? As Slow As Possible or else ?

  3. တိုရှီဘာက ဘယ်ဈေးလောက် ရှိလဲခင်ဗျ။ မသိလို့မေးတာပါ။ း)

  4. ကျွန်တော့်ဟာကတော့ ဈေးသက်သာပါတယ်။ ၉ သိန်း ၉သောင်း ပါ။ ASUS ကတော့ ဒီထက်ဈေးများပါလိမ့်မယ်။ ကျွန်တော်က အခု laptop ကို PHP ရေးဖို့ Photoshop သုံးဖို့ သီချင်းနဲ့ ဗီဒီယို အတွက်ပါပဲ။ power မြင့်စရာ မလိုပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.