Myanmar Computer Knowledge

ကျွန်တော်တို့ မြန်မာတွေကလည်း မြန်မာပဲ။ ပိုက်ဆံပေးမှ ဟုတ်တယ်ထင်တယ်ဗျာ။ ဒါကြောင့်လည်း ခံရတာပါ။ Service ဆိုလည်း ဒီလိုပဲ။ ဆိုင်တွေကလည်း မရိပ်ပဲ ဈေးနှုန်းချိုသာရင် မကောင်းဘူးလို့ သာမာန် user တွေက ထင်တတ်ကြတာဆိုးတယ်ဗျာ။ ဈေးကြီးကြီး ပေးပြင်ရမှာ ဟုတ်တယ်ထင်တော့ ခက်တယ်။ Computer ဝယ်ရင်လည်း အပြင်ပန်းလေး ကြည့်ပြီး ကောင်းတယ် မကောင်းတယ်ထင်ကြတယ်။ အဲ… ဘယ်ကနေ ဘယ်လိုလပ် P5 တွေ P6 တွေ ထွက်လာလည်း မသိ။ သူ့စက်က P5 တဲ့ ။ ကျွန်တော့်ကို အဲလိုပြောတဲ့သူတောင် ရှိပါ့။ ဆိုင်ကတော့ ဘယ်လိုရောင်းလိုက်လဲမသိပါဘူးဗျာ။ ဆိုင်တွေက Dual Core တွေကို P5 တဲ့။ Core 2 Dual ကိုတော့ P6 ဆိုပြီး ချနေတာပဲ။ အင်းလေ။ Dual Core ဆိုတာဘာ Core 2 Dual ဆိုတာ ဘာ ။ အဲလိုမျိုးလိုက်ရှင်းနေရင်လည်း ဝယ်တဲ့သူတွေမှ နားမလည်တာ။ P5 , P6 လို့သုံးတော့ ရှင်းသွားတာပဲ။ ဝယ်သူတွေကလည်း P နံပါတ်မြင့်သွားတော့ ပိုကောင်းတယ်ဆိုတာ အော်တို ငုတ်တုတ်ကြီးကို သိသွားတာ။ နောက်ပြီး မြန်မာတွေက Computer ဝယ်ရင် ဘာအတွက်ဝယ်မှာလဲ။ ဘာအတွက်ဝယ်မှာလဲမစဉ်းစားဘူး။ ဝယ်မယ်ဆိုတာပဲ သိတယ်။ ဝယ်ချင်တာက နောက်ဆုံးပေါ်။ တကယ်သုံးမှာက စာစီစာရိုက်။ အကောင်းစား ဝယ်ပြီး ဘာထူးမှာလဲဗျာ။ ပိုက်ဆံတွေ နှမြောဖို့ ကောင်းလိုက်တာ။ ကျွန်တော် အဓိက ဆိုချင်တာကတော့ မြန်မာတွေ တော်တော်များများမှာ Computer နဲ့ ပတ်သက်ပြီး အခြေခံအဆင့်တောင် တော်တော်လိုသေးတယ်။ Computer ၁လုံး ရောင်းရင်တောင် နားလည်အောင် ရှင်းပြရတာ တကယ်ခက်တာတွေ ကျွန်တော်တွေ့ဘူးတယ်။ ကျွန်တော့်သူငယ်ချင်းအတွက် Computer လိုက်ဝယ်တဲ့ အခါတွေမှာ တချို့တွေက ဝယ်ချင်တာပဲ ရှိတယ်။ ဘာအတွက်ဝယ်ရတာလဲဆိုတာ မစဉ်းစားတာတွေက အများကြီးပဲဗျာ။ ဘာပဲပြောပြော အဆင့်မြင့်နည်းပညာပိုင်းမပြောနဲ့ Computer နဲ့ ပတ်သက်ပြီး မြန်မာ တော်တော်များများက knowledge တွေ မရှိသေးတာကို တွေ့ရတယ်ဗျာ။ ဒါကြောင့်လည်း ရိပ်လို့ရိပ်ခံရမှန်း မသိတာတွေလည်းရှိပါ့။ အဲဒီကိစ္စတွေကိုတော့ ကျွန်တော့် မပြောတော့ပါဘူးဗျာ။

2 responses to “Myanmar Computer Knowledge”

  1. I want to know your computer knowledge . Thank you

  2. Thank you

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading