ဒီနေ့တော့ လှိုင်သာယာကို သွားဖြစ်တယ်။ အမှန်တိုင်းပြောရင် ဘယ်နားမှာ မှန်း မသိတဲ့ နေရာကို မှန်းပြီးသွားရတာပဲ။ ကျွန်တော်တို့ ညောင်တုန်း လမ်းခွဲထိ ရောက်သွားသေးတယ်။ ပြီးမှ မဟုတ်လောက်ပါဘူးဆိုပြီး ပြန်လှည့်လာပြီး မေးကြည့်တော့မှ ကျန်စစ်သားလမ်းထဲမှာ ဆိုတာ သိရတယ်။ ဘာပဲပြောပြော မောလည်းမောတယ်… မူးလည်းမူးတယ်.. လှုရတဲ့အတွက်လည်း ပီတိဖြစ်ရတယ်… အလှုခံတဲ့နေရာက
ဘုရင့်တောင် တံတားကျော်သွားရင် နဝဒေးအိမ်ရာ ရောက်ပါမယ်…. နဝဒေးအိမ်ရာ အကျော်လေးမှာ ကျန်စစ်သားလမ်းရှိပါတယ်။ နဝဒေးအိမ်ရာက ညာဘက်မှာပါ။ ဘယ်ဘက်က ကျန်စစ်သားလမ်းကို ချိုးကွေ့ရပါမယ်။ ရှေ့လည်း ဆက်သွားလိုက်ရင် အမှတ် (၁၆) လား (၁၉) လားမသိ…. အခြေခံ မူလတန်းကျောင်းရှိပါတယ်။ အဲမှာ အလှုခံသလို မီးလောင်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့လူတွေကို နေရာ ချထားပေးပါတယ်။ အိမ်ခြေ ၁၉၅ အိမ်ဖြစ်ပြီး လူ ၂၀၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါတယ်။
ကျွန်တော်တို့ MYSTERY ZILLION က အလှုငွေ ၁ သိန်းနဲ့ အဝတ်အထည် တော်တော်မျာမျးားကို လှုဒါန်းခဲ့ပါတယ်။ ကျွန်တော်တို့ အလှုအတွက်… နတ်လူသာဓု ခေါ်စေသော်…. အမျှ..အမျှ…အမျှ…
Leave a Reply