MZ အကြောင်းအချို့

MZ နဲ့ပတ်သက်ပြီး ပြောဖို့ ကျန်ခဲ့တာလေးတွေပါ။

Edu ကိစ္စပေါ်ပေါက်လာပုံ။
MZ စတင်ကာစက ကိုပီဇီ နဲ့ ကျွန်တော် moodle ကို ပူးပေါင်း အကောင်အထည် ဖော်ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီ အချိန်က MZ က အခုလိုမျိုးမဟုတ်ပါဘူး။ လူလည်း နည်းပါးနေပါတယ်။ ကို DBA ပြောတဲ့ အချိန်မှ MZ စတင်ကာလကို ကျွန်တော်တို့တွေ ပြန်လည် သတိရလာမိပါတယ်။ ဒါကြောင့် ကို DBA ကို ကျေးဇူးတင်ပါတယ်။ Edu ကိစ္စမှာ ကို DBA နာမည် ဂျာနယ်မှာ မပါခဲ့တာ ကျွန်တော်တို့ နှစ်ယောက် မေ့လျော့မှုပါ။ အခုလို ထောက်ပြတဲ့ အတွက် ကျွန်တော်တို့အတွက် အကျိုးကျေးဇူးရှိပါတယ်။ ကျွန်တော်သီးသန့် MZ edu လေးအကြောင်း MZwiki မှာ ရေးပြီး သေသေချာချာ ရှင်းပေးပါမယ်။ ကို DBA ကတော့ ခရာပါ။

mmdictionary.net ကိစ္စ။
mmdictionary.net ကို ကိုDBA က လှုဒါန်းထားတာပါ။ ကျွန်တော်တို့ MZ ရဲ့ အဓိက အလှုရှင်ကြီးပါ။ ကို DBA နဲ့ ကိုမင်းကျော်တို့ ကူညီထားတာတွေက အများကြီးပါ။ mmdictionary.net က မပြီးသေးပါဘူး။ alpha version ကနေ ရှေ့မတက်သေးလို့ ဘာမှကို မကြေငြာထားပါဘူး။ ဒါကြောင့်လည်း မရေးရသေးတာပါ။ mzdictionary မှာ ပါဝင်ခဲ့တဲ့လူတွေ ကိုDBA လှုဒါန်းတယ်ဆိုတာသိပါတယ်။ forum ကနေ သူကိုယ်တိုင်လှုမယ်ပြောပြီး စည်သူကိုယ်တိုင် လက်ခံရရှိကြောင်း forum မှာပဲ ကြော်ငြာခဲ့ပါတယ်။

Domain လှုဒါန်း စာရင်း
mmdictionary.net ကိုDBA
mysteryzillion.com (ပထမနှစ်လှုဒါန်းခဲ့)
mysteryzillion.com , .org , .net ကိုမင်းကျော်

Hosting လှုဒါန်းသူများ
ကိုCM (ပထမနှစ်လှုဒါန်းခဲ့)
စေတန်ဂေါ့ (အဒေါ့်ဆီမှ ငွေချေးပြီး လုပ်ခဲ့ပါတယ်။ အခုအချိန်ထိ အကြွေးမကျေသေးပါ။ လကုန်လျှင် သို့မဟုတ် နောက်လ ကျေပါမည်။)

ကျွန်တော်တို့ အနေနဲ့ မိသားစု ပုံစံ ဆောက်ရွက်နေကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် နာမည် ယူလိုတဲ့ စိတ်မရှိပါဘူး။ ညီအစ်ကို အချင်းချင်းကူညီဆောင်ရွက်သလို ဆောင်ရွက်နေတာပါ။ ကိုမင်းကျော်ကတော့ Technical-seven ကဖြစ်ပြီး မဆီမဆိုင် ကျွန်တော်တို့ကို သီးသီးသန့်သန့် ကူညီပေးခဲ့တဲ့အတွက် credit ရေးသားခဲ့တာပါ။

ကျွန်တော်တို့ ဂျာနယ်ထွက်တဲ့အခါမှ edu အကြောင်းလုံးဝ ပါရှိခြင်းမရှိပါဘူး။ ဘာကြောင့်မှန်းမသိ ပါမလာပါဘူး။ ဖြေလိုက်တုန်းကတော့ပါပါတယ်။ edu ပေါ်ပေါက်လာပုံလည်း မမေးမြန်းတဲ့အတွက်ကြောင့်လည်း ကို DBA နာမည်မပြောမိခဲ့လိုက်တာပါ။

ကျွန်တော်တို့တွေ နောက်ဆို မည်သူ့ကို မဆို credit ရေးပေးပါ့မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading