အခုတော့ facebook လည်း မသုံးဖြစ်တာ အတော်ကြာပြီ ဖြစ်သလို social network တွေ နဲ့ အဆက်အသွယ်ဖြတ်ထားတာ အတော်ကြာသွားပြီ။ အလုပ်မအားတာရယ် US ရွေးကောက်ပွဲ ရယ်ကြောင့် မသုံးဖြစ်တော့တာလည်း ပါတယ်။

Twitter မှာ US ရွေးကောက်ပွဲ နီးတော့ Elon Musk ရဲ့ politic အကြောင်းတွေ မမြင်ချင်ပဲ တွေ့နေရတယ်။ Unfollow လုပ်။ နောက်ဆုံးတော့ block လုပ်လို့ မနိုင် unfollow လုပ်လို့လည်း မရ။ Tech news တွေတောင် မတွေ့ရတော့ပဲ Trum ကောင်းကြောင်း Kamala Harris မကောင်းကြောင်း တွေပဲ တက်နေတာ နဲ့ ပိတ်ထားလိုက်ရတယ်။

Facebook ကတော့ အရင်ကတည်း သူငယ်ချင်း post တွေ မတွေ့ရပဲ မသိသူတွေ ရဲ့ post တွေ ကြော်ငြာတွေ group တွေရဲ့ post တွေ ပဲ တက်နေတော့ မသုံးတော့တာ။ Facebook ပေါ်က post တွေက ကိုယ် နဲ့ လည်း မဆိုင် ကိုယ့် အတွက် လည်း အကျိုးမရှိ။ Facebook ပေါ်မှာလည်း attention လိုချင်သည့် post တွေ ဘာမှန်း နားမလည်သည့် စာတွေ ပဲ ခဏခဏ လာလာပြနေတယ်။ ဒါနဲ့ နောက်ဆုံး မသုံးဖြစ်တော့တာပဲ။ Facebook မှာလည်း အရင် က သတင်းပဲ ဖတ်ဖြစ်တာ ဆိုတော့ Logout လုပ်လိုက်ပြီး မသုံးပဲ နေလိုက်တာပဲ။

Facebook, Twitter နှစ်ခု ကို ဖြုတ်လိုက်တော့ noise တွေ အများကြီး ရှင်းသွားတယ်။ Facebook twitter မသုံးဖြစ်တော့ပေမယ့် Reddit ကို ပြန်သုံးဖြစ်တယ်။ Reddit မှာတော့ attention လိုချင်တာ cele ဖြစ်ချင်တာတွေ မတွေ့ရတော့ post တွေက forum ခေတ်က အတိုင်းပဲ။

Reddit မှာ ကိုယ်နှစ်သက်ရာ group ကို join ပြီး forum ခေတ်ကလို မေးတယ် ဖြေတယ် ဆွေးနွေးတာတွေပဲ ဆိုတော့ လူ ပို ပီသတယ်။ အဓိကတော့ mac gaming , geforce now, one piece စသည့် manga နဲ့ gaming ပိုင်းမှာ ဆိုတော့ ဘာ noise မှ​ မရှိသလိုပဲ။

အသက်ကြီးလာတော့ Social Media ဆိုတာ မလိုသည့် ဟာ ကြီးပဲ လို့ ထင်လာတယ်။ သူငယ်ချင်းတွေကို သတိရရင် ဖုန်းခေါ်လိုက်တယ်။ Message ပို့လိုက်တယ်။ ဘာလို့ facebook မှာ သွားဖတ်နေဖို့ လိုမှာလဲ။ သူတို့လည်း သတိရရင် ဖုန်းဆက်တာ ဖြစ်ဖြစ် message ပို့ပြီးပဲ ဖြစ်ဖြစ် မေးနိုင်မှာပဲ။ ဘာလို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ မှ မမေးပဲ ပြောနေမှာလဲ။

သတင်းတွေကတော့ Twitter လည်း မရှိ Facebook လည်း မရှိဆိုတော့ RSS ကိုပဲ ပြန်ပြောင်းသုံးတာပေါ့။ Up To Date ဖြစ်နေဖို့လည်း မလိုတာကြောင့် အခြေအနေလည်း တွေ သိရင် ရပြီလို့ ထင်တာပဲလေ။

အသက်လေး ရလာတော့ ဖြည်းဖြည်း နဲ့ ပုံမှန် လေး နေတတ်လာပြီ။ အကုန်လုံးက မြန်နေဖို့ မလိုတော့ဘူး။ Noise တွေ ရှင်း နေဖို့ ပဲ လိုတော့တယ်။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading