Ornagai source code dev version

ornagai က front end ပိုင်း တော်တော်များများပြီးသွားပြီ။ user register လုပ်တဲ့အပိုင်းပြီးသွားပြီ။ search ကတော့ စိတ်မကျေနပ်သေးဘူး။ zawgyi 2009 support မလုပ်သေးဘူး။ zawgyi 2009 အတွက် ထပ်ရေးရမယ်။ အခုတော့ backend ပိုင်းကို စတော့မယ်။ တကယ်လို့ frontend ပိုင်းရဲ့ source code ကို လေ့လာချင်တယ်။ လိုချင်တယ်ဆို၇င်တော့ http://github.com/saturngod/ornagai-V2 ကနေ သွားရောက်လေ့လာနိုင်တယ်။ database ကိုတော့ မထုတ်ပေးရသေးဘူး။ version 2 ထွက်ရင်တော့ database ပါထုတ်ပေးပါမယ်။ အခုတော့ လေ့လာလိုတဲ့သူတွေ လေ့လာနိုင်အောင်။ code နဲ့ ပတ်သက်ပြီးတော့လည်း bugs တွေကိုလည်း github ရဲ့issues ကနေ ပို့ထားလိုက်လို့ရပါတယ်။ ၁၀ လပိုင်း ၂၉ ရက်နေ့ကနေ စလိုက်တာ ၂ လလောက်ကြာမှ front end ပြီးတယ်။ ဒါတောင် ပြီးပြည့်စုံတဲ့အဆင့် မဟုတ်ပဲ အကြမ်းပဲ ပြီးသေးတယ်လို့ ဆိုလို့ရမယ်။ အမှန်တိုင်း တကယ်ရေးမယ်ဆိုရင် အဲလောက် မကြာသင့်ပေမယ့် ပျင်းတာရယ် မအားတာရယ် အလုပ်ရှုပ်နေတာရယ်… ရယ်တွေက များပြီး ကြာသွားတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading