Postfix problem with gmail

တော်တော်ကြာပြီ blog ကနေ comment အသစ် mail တွေကော contact တွေ ကော မရောက်လာတာ။ လူက မအားတာနဲ့ သေသေချာချာ လည်း server ကို မစစ်ဖြစ်ဘူး။ ဒီနေ့ညနေ အချိန်ပေးပြီး စစ်ကြည့်တော့ php mail function က အလုပ်လုပ်ပေမယ့် စာက ရောက်မလာဘူး။

ဘာကြောင့် ရောက်မလာတာလဲ ဆိုပြီး postfix ကို ဖြုတ် sendmail တင်။ sendmail နဲ့ စမ်းလည်းမရ။ terminal ကနေ ပို့ကြည့်လိုက်တော့လည်း စာက ထွက်သွားတယ်။ ခက်တာက စာက gmail ထဲကို မရောက်လာဘူးဖြစ်နေတယ်။ နောက်တော့မှ postfix ရဲ့ log ကို စစ်ကြည့်တော့ ဒီလိုတွေ့တယ်။

(connect to alt2.gmail-smtp-in.l.google.com[2607:f8b0:400e:c00::1b]:25: Network is unreachable)

ဆိုပြီး ပြနေတယ်။ ဒါကြောင့် mail တွေ က ရောက်မလာဖြစ်မယ်။ google က spam ရန်က ကာကွယ်လို့ရအောင် security ကို မြှင့်လိုက်တာ ကြောင့် ဖြစ်မယ်ထင်တယ်။ postfix နဲ့ အလုပ်လုပ်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကတော့ နောက်နေ့မှာ ရှာကြည့်တော့မယ်။

အခုတော့ wordpress မှာ SMTP plugin သွင်းပြီး PHP Mailer ကို google ရဲ့ SMTP သုံးပြီး ပြန်ပို့ထားတယ်။ အခု စမ်းကြည့်တာကတော့ ရတယ်။ ဒါကြောင့် ဒီနေ့ မတိုင် contact form က ပို့လိုက်တဲ့ စာတွေ အားလုံးကို ကျွန်တော် လုံးဝ မရရှိတဲ့အတွက် အကြောင်းလည်း မပြန်ဖြစ်ပါဘူး။

မေးစရာ မေးခွန်းတွေ ရှိရင်တော့ http://www.mysteryzillion.org မှာပဲ မေးလိုက်ပါ။ ကျွန်တော် နေ့စဉ် ဖြေပေးနေပါတယ်။

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading