Productivity is more important than benchmarking

Programming စလုပ်ကာစက ဘယ် framework မြန်သလဲ။ ဘယ် language မြန်လဲဆိုပြီးတော့ programming language ကို လေ့လာခဲ့တယ်။ ဒါကြောင့်လည်း python , node.js စတာတွေ နဲ့ အသုံးပြုခဲ့တာ များတယ်။ သို့ပေမယ့် ဖြစ်ဖြစ် မြောက်မြောက် ကြီးကြီးမားမား ဖန်တီး ဖြစ်ခဲ့တာတော့ မရှိဘူး။ Github က ကျွန်တော့် code တော်တော်များများကတော့ python , node.js တွေ များတယ်။

တကယ်တန်း အလုပ်ခွင်မှာတော့ အလုပ်ဖြစ်ဖို့ က ပိုပြီးတော့ အရေးပါပါတယ်။ ပုံမှန် web app အနေနဲ့ နှေးတယ်ဆိုရင် hardware level ကို မြှင့် ပြီးတော့ ဖြေရှင်းလို့ ရသလို server infrastructure ကို ကောင်းမွန်အောင် လုပ်ပြီးတော့ ဖြေရှင်းလို့ ရပါတယ်။ Language တစ်ခု framework တစ်ခု ကို အသုံးပြုနေရင် နားလည် တတ်ကျွမ်းဖို့ အချိန်ပေးရတယ်။ ဘယ် framework, ဘယ် language မဆို လေ့လာရတာ အချိန် ပေးရတယ်။ ဘယ် framework , library က လူတိုင်း ပိုနားလည်လွယ်မလဲ ဘယ် framework , library က လူသုံးများပြီးတော့ နောက်လူတွေ ဆက်လက်ထိန်းသိမ်းဖို့ လွယ်အောင် ဘယ်လို လုပ်မလဲ ၊ စတာတွေကို စဉ်းစားရပါတယ်။ ကျွန်တော်က Swift ကြိုက်လွန်းလို့ vapor နဲ့ရေးတယ်။ ဒါမှမဟုတ် node.js ရဲ့ express နဲ့ရေးမယ်။ သူတို့ကို အသုံးပြုရင် ပိုမြန်ကောင်း မြန်နိုင်ပေမယ့် နောက်ပိုင်း ဘယ်သူတွေက ဒါကို ဆက်ပြီးတော့ ထိန်းသိမ်းမှာလဲ။ အဲဒါက ကျွန်တော့် အတွက် ပို အရေးပါပါတယ်။

ကျွန်တော့် အတွက်ကတော့ ကိုယ်တိုင် node.js, express js ကို ကြိုက်ပေမယ့် Laravel ကို client အတွက် develop လုပ်ရင် ရွေးချယ်ဖြစ်တယ်။ အဓိကတော့ express js ထက် ရေးရတာ မြန်တယ်။ community အားကောင်းတယ်။ ကျွန်တော် မလုပ်ဖြစ်ရင် လုပ်နိုင်မယ့် လူ ရှိတယ်။ ဘယ် language က ဘယ်လောက် မြန်တယ် ပြောင်းသုံးသင့်တယ် ဆိုရင် ROR အခု အချိန်ထိ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ROR စပြီး နာမည်ကြီးကာစလည်း လူတွေက python နဲ့ ယှဉ်ပြီးတော့ benchmarking ကို ပြောခဲ့တယ်။ သို့ပေမယ့် web project တစ်ခုကို ROR နဲ့ ရေးရင် Dajngo ထက် ပိုပြီး မြန်မြန်ဆန်ဆန်ပြီးတယ်လို့ ခံစားရတယ်။

Benchmarking က အရေးမပါဘူးလား ဆိုတော့ ပါပါတယ်။ သို့ပေမယ့် ပုံမှန် optmize ကြီးကြီးမားမား လုပ်စရာ မလိုဘူး data တွေ အများကြီး မဟုတ်ဘူးဆိုရင်တော့ ပုံမှန် ကိုယ်အားသာသည့် framework language နဲ့ အဆင်ပြေတယ်။ Load တွေက အရမ်းများလာပြီ ဒါမှမဟုတ် ရေးရမယ့်က commanline script ၊ dummy api စသည် ဖြစ်လိုအပ်သည့် ပေါ်မှာ မူတည်ပြီးတော့လည်း ပြောင်းလည်း အသုံးပြုဖြစ်ပါတယ်။ ဒါကြောင့် Github မှာ code တော်တော်များများဟာ nodejs, python နဲ့ ရေးဖြစ်တာပါ။

ကျွန်တော့် အတွက်ကတော့ Project တစ်ခုကို မှန်မှန်ကန်ကန် နဲ့ မြန်မြန်ဆန်ဆန် ပြီးဖို့ နောက်ပြီးရင် ဒါကို ဆက်ပြီး maintain လုပ်ဖို့က benchmarking ရလဒ်တွေ ထက်ပိုအရေးပါတယ်လို့ မြင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.