SG Markdown Editor

Atom က မြန်မာစာ အသုံးပြုတဲ့ အခါမှာ အစပိုင်းမှာ cursor positon မှန်ပေမယ့် သုံးနေရင်းနဲ့ cursor position လွဲနေတုန်းပါပဲ။ Twitter CodeMirror , Ace စသည့် editor တွေမှာ unicode cursor position လွဲနေတယ်လို့ ဆိုတော့ CodeMirror developer @marijnjh က Code Mirror 4 မှာ cursor positon issue ကို fix လုပ်ပြီးပြီလို့ ဆိုပါတယ်။ ဒါနဲ့ စမ်းကြည့်လိုက်တော့ တကယ် fix လုပ်ထားပြီးသားဖြစ်နေတယ်။ CodeMirror 4 ကို သုံးပြီး Markdown Editor ရိုးရိုးလေး လုပ်ကြည့်တယ်။ နောက်ပြီးတော့ James Taylor ရေးထားတဲ့ markdown editor တွေ့တာနဲ့ Code Mirror 4 ပြောင်းပြီး စမ်းရင်းနဲ့ chrome plugin လေး လုပ်ဖြစ်တယ်။

Chrome plugin မှာ ဘာ ပြဿနာ ရှိတာလဲ ဆိုတော့ file save လုပ်ဖို့ပဲ။ နောက်ပြီးတော့ directory လိုက် open လုပ်ချင်တဲ့ ကိစ္စတွေမှာ သိပ်ပြီး အဆင်မပြေတော့ဘူး။ ဒါနဲ့ပဲ CodeMirror သုံးပြီးတော့ cross platform app ရေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ လက်ရှိ Markdown editor ကောင်းကောင်းတွေ ရှိပေမယ့် မြန်မာစာ သုံးရင် cursor positon ပြဿနာရယ် နောက်ပြီးတော့ တချို့ editor တွေက free မဟုတ်တာ ၊ နောက်ပြီး Github Flavored Markdown မဟုတ်တာရယ်ကြောင့် အဆင်ပြေတဲ့ editor မတွေ့ဖြစ်ဘူး။ ဒါနဲ့ပဲ cross platform ကို Node Webkit ကို သုံးပြီး ရေးဖြစ်တယ်။

Node Webkit

Node Webkit ဆိုတာကတော့ Node.JS နဲ့ ရေးထားတာကို webkit browser ထဲမှာ ထည့်ပြီးတော့ cross platform ကို Support လုပ်ပေးပါတယ်။ SGMarkdownEditor ကို HTML + javascript + CSS သုံးပြီးရေးထားပါတယ်။ WebKit ပါ ပါတဲ့ အတွက်ကြောင့် file size က ကြီးသွားတယ်။

Feature

အခု နောက်ဆုံး version 0.0.3 ကို ဒီမှာ download ချပြီး စမ်းနိုင်ပါတယ်။ Win , Mac , Linux platform အားလုံးအတွက် အဆင်ပြေပါတယ်။ စဖွင့်ကာစ loading နည်းနည်းလေးကြာနေတယ်။ အဲဒါလေးကိုတော့ ပြန်ပြင်ရအုံးမယ်။

ကျွန်တော် သုံးဖို့ လိုတဲ့ feature တွေပဲ ထည့်ထားပါတယ်။ File Open/Save, Copy as HTML , Save As HTML စတဲ့ feature တွေပဲ ပါသေးတယ်။ အခြား ထပ်ဖြည့်စရာ ပြင်စရာတွေတော့ အများကြီး ရှိပါသေးတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.