Talk Again ( Only in saturngod.mz.com)

ကျွန်တော် http://saturngod.mysteryzillion.com မှာ ရေးခဲ့တာ blogspot တွေ ပိတ်ကတည်းကပေါ့။ ဒါပေမယ့် လူတွေက saturngod.blogspot.com ကို သွားပြီး cbox ထဲမှာ မေးကြတာတွေ comment ပေးကြတာတွေကို ကျွန်တော် လုံးဝကို သိမှာ မဟုတ်ပါဘူး။ အဲဒီ cbox ကို မသုံးတာလည်း တော်တော်လေးကို ကြာလှပါပြီ။ အဲဒီမှာ comment ကို ဝင်ရေးပြီး မေးထားတာတွေကိုလည်း ကျွန်တော် သိမှာမဟုတ်ပါဘူး။ အဲလိုဖြစ်မှာဆိုးလို့ ကျွန်တော် blogspot မှာလည်း ကြော်ငြာခဲ့ပါတယ်ဗျာ။ ဒါပေမယ့် ထူးဆန်းတာက ကျွန်တော် Google Analytics နဲ့ကြည့်လိုက်တော့ တစ်နေ့ကို အယောက် ၈၀ ရှိနေတယ်။ ပုံမှန် အဲဒီ ပတ်ဝန်းကျင်ပဲ။ ယုံတောင် မယုံရဘူးနော်။ ဘာဖြစ်လို့မှန်းကို မသိဘူးဗျို့။ ဒီ page ကိုလာတဲ့လူကတော့ ခပ်ရှားရှားပဲ။ ဒါကြောင့် ကျွန်တော့်ကို တကယ်အားပေးတဲ့ စာဖတ် ပရိသတ်က ဒီ page ကို လာတဲ့ လူလောက်ပဲလို့ ဆိုရမလိုဖြစ်နေပြီ။ ဒီ site မှာတော့ ပုံမှန် အယောက် ၄၀ ကျော်လောက်ပဲ တစ်နေ့တစ်နေ့လာတယ်။ တစ်ခါတစ်လေ အယောက် ၂၀ လောက်တောင်မရှိတဲ့ နေ့တွေကလည်း ရှိပါ့။ ဘာပဲ ပြောပြော လာရောက်လည်ပတ်သူတွေကို အထူးကျေးဇူးတင်ပါတယ်ဗျာ။

2 responses to “Talk Again ( Only in saturngod.mz.com)”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading