TMNT (Game For Windows Vista)

TMNT ဆိုတဲ့ လိပ်နင်ဂျာ Game ဆော့ဘူးကြလားဗျ။ Ubisoft က ထုတ်တာဆိုတော့ ဝယ်ခဲ့လိုက်တယ်။ Ubisoft က Prince Of Persia ကို ထုတ်တာလေ။ အဲဒါကတော့ အရမ်းမိုက်တယ်။ ကျွန်တော့်အကြိုက်ဆုံး Game Series တစ်ခုပဲ။ Game တွေကလည်း မကစားတာ ကြာပေါ့ ( စက်က requirement နိမ့်နေလို့ ) ။ TMNT ကတော့ requirement က နည်းတယ်။ Game rating က 12+ ဆိုတော့ အရမ်းလည်းလွယ်ပါ့။ Prince Of Persia က အကွက်တော်တော်များများကို ပြန်ထည့်ထားတယ်ဗျ။ လိပ်နင်ဂျာက လိပ်နဲ့မတူဘူး။ မျောက် အတိုင်းပဲ။ စကစားတာနဲ့ ခုန်ပေါက်နေရတာ။ အစအဆုံးပြီးဖို့ကလည်း ၂ ရက်ပဲကြာတယ်။ Game ဇာတ်လမ်းက လိပ်နင်ဂျာ ရုပ်ရှင်ကားအတိုင်းပဲ။ ဒါကြောင့်တော်တော်လေးကို တိုတယ်။ ဘာပဲပြောပြော ကျွန်တော့်လို စက်နိမ့်တဲ့လူတွေကအတွက်ကတော့ ကစားလို့ရတဲ့ game တစ်ခုပေါ့။ အဲ။ ကျွန်တော့်စက်က Vista Rating Point က 2.4 ပဲ ရတာဗျ။ အခုခေတ်မှာဆို တော်တော်နိမ့်တာပဲ။ :D

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading