TMNT (Game For Windows Vista)

TMNT ဆိုတဲ့ လိပ်နင်ဂျာ Game ဆော့ဘူးကြလားဗျ။ Ubisoft က ထုတ်တာဆိုတော့ ဝယ်ခဲ့လိုက်တယ်။ Ubisoft က Prince Of Persia ကို ထုတ်တာလေ။ အဲဒါကတော့ အရမ်းမိုက်တယ်။ ကျွန်တော့်အကြိုက်ဆုံး Game Series တစ်ခုပဲ။ Game တွေကလည်း မကစားတာ ကြာပေါ့ ( စက်က requirement နိမ့်နေလို့ ) ။ TMNT ကတော့ requirement က နည်းတယ်။ Game rating က 12+ ဆိုတော့ အရမ်းလည်းလွယ်ပါ့။ Prince Of Persia က အကွက်တော်တော်များများကို ပြန်ထည့်ထားတယ်ဗျ။ လိပ်နင်ဂျာက လိပ်နဲ့မတူဘူး။ မျောက် အတိုင်းပဲ။ စကစားတာနဲ့ ခုန်ပေါက်နေရတာ။ အစအဆုံးပြီးဖို့ကလည်း ၂ ရက်ပဲကြာတယ်။ Game ဇာတ်လမ်းက လိပ်နင်ဂျာ ရုပ်ရှင်ကားအတိုင်းပဲ။ ဒါကြောင့်တော်တော်လေးကို တိုတယ်။ ဘာပဲပြောပြော ကျွန်တော့်လို စက်နိမ့်တဲ့လူတွေကအတွက်ကတော့ ကစားလို့ရတဲ့ game တစ်ခုပေါ့။ အဲ။ ကျွန်တော့်စက်က Vista Rating Point က 2.4 ပဲ ရတာဗျ။ အခုခေတ်မှာဆို တော်တော်နိမ့်တာပဲ။ :D

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.