Updated Ornagai 2.2.8 [Android] And Web

Ornagai website မှာ bug တွေ ကို fix လုပ်ထားပါတယ်။ နောက်ပြီးတော့ comment ပါ ထပ်ဖြည့်ထားပါတယ်။ website မှာ suggestion တွေကို comment ပေးထားခဲ့လို့ ရပါပြီ။ သို့ပေမယ့် comment မှာ pagination ထည့်ဖို့လိုပါသေးတယ်။ အခုတလော အတွင်းမှာ update လုပ်ဖို့ အစီအစဉ် ရှိပါတယ်။

Android version မှာတော့ default အနေနဲ့ background service ကို ပိတ်ထားပါတယ်။ Setting ကနေ တဆင့် orange background service ကို ဖွင့်လို့ ရပါတယ်။ Background service က စာ ကို copy ကူးလိုက်တာနဲ့ dictionary တက်လာတာပါ။ အရင် version မှာ ပြန်ပိတ်လို့ မရတဲ့ အတွက် အသုံးပြုရတာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အခု တော့ option ထဲ ထည့်ထားသည့်အတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

နောက်ပြီး website မှာတော့ android app မှာပါ data တွေ update လုပ်ထားပေးပါတယ်။

iOS version ကိုတော့ ဒီ အပတ်အတွင်း update လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ အဆင်မပြေတာတွေကို ဒီ post အောက်မှာ comment ပေးထားခဲ့နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading