what ipad look like ?

iPad နဲ့ ပတ်သက်ပြီး ခဏခဏ မေးတဲ့ မေးခွန်းတွေရှိတယ် ။ iPad က ဘာနဲ့ တူသလဲ။ ဘာအသုံးကျသလဲပေါ့။ NetBook ဝယ်ရမလား iPad ဝယ်သင့်သလား။ Nook က စာဖတ်ဖို့အတွက် iPad ထက် ပိုကောင်းမယ်ထင်တယ်နော်။ စတဲ့ … စတဲ့ မေးခွန်းပေါင်းများစွာရဲ့ အနှစ်ချုပ်ကတော့ iPad က ဘာလဲ ဆိုတာပဲ။

iPad ကတော့ အရိုးအရှင်းဆုံးပြောရရင်တော့ iPodTouch အကြီးစားပေါ့ဗျာ။ Code တွေ ဘာတွေ ရေးဖို့ဆိုတာထက် iPodTouch နဲ့ အတူတူပဲလို့ ဆိုလို့ရမယ်။ သူက laptop တစ်ခုလို coding တွေရေးလို့ရမှာမဟုတ်ဘူး။ Development တွေ လုပ်လို့ရမှာတော့မဟုတ်ဘူး။ သို့ပေမယ့် စာဖတ်တာကတော့ laptop ထက်စာရင် အများကြီး သာတာပေါ့ဗျာ။ PDF file တွေကို လွယ်လွယ်ကူကူ ဖတ်လို့ရတယ်။ Video တွေ ကြည့်ရတာ Laptop မှာ ကြည့်တာထက် ပိုအဆင်ပြေတယ်။ Development အတွက် ဝယ်မယ်ဆိုရင်တော့ iOS development အတွက် စမ်းဖို့ အတွက် ဝယ်စရာ အကြောင်းပဲ ရှိတယ်။ အခြား Development တွေတော့ လုပ်လို့ရမှာမဟုတ်ဘူး။ Web Design ကို iPad မှာ ဘယ်လို မြင်ရမလဲဆိုတာကို စမ်းလို့ရမယ်။ .NET တို့ PHP တို့တော့ ရေးလို့ရမှာမဟုတ်ဘူး။

ကျွန်တော်တို့ iPad နဲ့ ဘာတွေ လုပ်လို့ရမလဲ။ ထွေထွေထူးထူးမရှိပါဘူး။ iPodTouch နဲ့ အကုန်နီးပါး တူတူလောက်ပါပဲ။ iPodTouch ထက် မြင်ကွင်းကျယ်တယ်။ PDF ဖတ်လို့ကောင်းတယ်။ Video ကြည့်လို့ကောင်းတယ်။ ကျန်တာတွေကတော့ App တွေပေါ်မှာ မူတည်တယ်ပေါ့။ Game တွေကတော့ မြင်ကွင်းကျယ်တော့ ပိုဆော့လို့ကောင်းတယ်။ Web Site တွေလည်း ပေါ့ပေါ့ပါးပါးကြည့်လို့ရတာပေါ့။ Phone ခေါ်မယ်ဆိုရင် Skype သို့မဟုတ် Pfingo ကို သုံးပြီး 3G နဲ့ ဖြစ်ဖြစ် Wifi နဲ့ ဖြစ်ဖြစ် ဖုန်းခေါ်လို့ရတယ်။  စာအုပ်ပဲ ဖတ်ချင်တာလို့ ဆိုတဲ့သူတွေကတော့ Nook ဝယ်တာ ပိုအဆင်ပြေမယ်ထင်တယ်။ iPad က နေပူထဲမှာ အလင်းပြန်တာ။ စာဖတ်လို့မရဘူး။ နေရိပ်ထဲမှာပဲ စာဖတ်လို့ကောင်းတယ်။ Web Development လုပ်ဖို့အတွက် Windows Development လုပ်ဖို့အတွက်ဆိုသူတွေကတော့ Laptop ဝယ်လိုက်တာ ပိုအဆင်ပြေမယ်ထင်တယ်။ Website ကြည့်မယ် စာဖတ်မယ်… Video ကြည့်မယ်.. ဓာတ်ပုံတွေကြည့်မယ်.. စာရေးမယ် … ဒီလောက်ပဲဆိုရင်တော့ iPad က netbook , laptop တွေထက်စာရင် ပိုသင့်တော်တယ်လို့ ဆိုရမှာပေါ့။ Laptop တို့ Netbook တို့လို သုံးရတာ မရှုပ်ထွေးသလို hang သွားတာ မရှိသလို သုံးရတာလည်း အရမ်းလွယ်တယ်။ Touch ဖြစ်တော့ လူတိုင်း လွယ်လွယ်သုံးနိုင်တယ်။ Android သမားတွေ ပြောသလို iPad for children , Android for Geeks လို့ဆိုတာလည်း မမှားပါဘူး။ တကယ်တန်းတော့ ကိုယ်ကြိုက်တာ ကိုယ်ဝယ်ပဲပေါ့ဗျာ။ ပြီးတော့မှ အပြစ်တင်နေတာတော့ မကောင်းဘူးပေါ့။ မဝယ်ခင် ကိုယ်နဲ့ ဘာကိုက်မလဲ သေချာ ချင့်ချိန်ပြီးမှ ဝယ်ပေါ့။ ကျွန်တော်ကတော့ iPad နဲ့ Game ကစားတယ်။ Mail စစ်တယ်။ Website ကြည့်တယ်။ စာဖတ်တယ်။ ဒီလောက်ပဲ။ Laptop နဲ့က စာဖတ်လို့ မကောင်းဘူး။ ကာတွန်းတွေ ဖတ်တဲ့အခါ iPad နဲ့ကတော်တော်လေးကို အဆင်ပြေတာအမှန်ပဲဗျ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.