Why Python in Programming Basic Book ?

Programming basic စာအုပ်မှာ python နှင့် အဓိကထားပြီး ရေးထားပါတယ်။ Programming မှာ language ထက် အရေးပါတာကတော့ logic ပါ။ looping ဘယ်လိုပတ်မယ် ဘာကြောင့် ပတ်သင့်တယ်။ if condition ကို ဘယ်လို ရေးသင့်တယ်။ စသည့် အခြေခံ ကျသည့် တွေးခေါ်မှု က လိုအပ်တယ်။ ဥပမာ

*
**
***
****
*****

လိုမျိုး basic ကို တစ်ကြောင်းစီ ရိုက်ထုတ်လည်း အဖြေထွက်တာပဲ။ ဘာကြောင့် looping သုံးသင့်သလဲ ဆိုတာကို စဉ်းစားတတ်ဖို့ လိုတယ်။

Programming basic စာအုပ်မှာ အခြေခံ အကျဆုံး အပိုင်းတွေတာ ထည့်သွင်းထားတယ်။ python က java , c စတာတွေထက် ရှင်းတယ်။ ဥပမာ java မှာ ; ကျန်ခဲ့လို့ error ရှာမရတာတွေက programming စလေ့လာကာစ သူတွေ မှာ ဖြစ်တတ်တယ်။ နောက်ပြီးတော့ python မှာ လိုအပ်သည့် library တော်တော်များများ ရှိပြီးသား ဖြစ်လို့ basic အပိုင်းတွေကို ရှင်းပြရတာ လွယ်တယ်။

Python က OOP အပိုင်းမှာ java လောက် အားမကောင်းဘူး။ basic ဖြစ်နေတာကြောင့် OOP အကြောင်း အများကြီး မထည့်ထားဘူး။ သဘောပေါက်ရုံ အခြေခံလောက်ပဲ ဆိုတော့ python နှင့် အဆင်ပြေပါတယ်။ အဓိကတော့ သဘောပေါက်လွယ်မယ် programming language ထက် logic အပိုင်းကို ဦးစားပေးဖို့ပါ။

Python က နောက်ပိုင်း machine learning တွေ လေ့လာသည့် အခါမှာ opencv လိုမျိုး image processing တွေ လေ့လာသည့် အခါမှာလည်း အသုံးဝင်လာနိုင်ပါတယ်။

Language တွေက အရေးမပါဘူးလား ဆိုတော့ မဟုတ်ပါဘူး။ language တိုင်းမှာ အားသာချက် အားနည်းချက်တွေ ရှိပါတယ်။ နောက်ပိုင်း kotlin , swift စတာတွေက အတော်လေးကို ကောင်းလာတယ်။ သို့ပေမယ့် စပြီးလေ့လာမယ်ဆိုရင် language ကို မေ့ထားပြီး programming ဆိုတာ ဘာလဲ ဆိုတာကို အာရုံစိုက်ဖို့ လိုတယ်။ programming တတ်ရင် ဘာတွေ လုပ်လို့ ရပြီလဲ ဆိုတာကို သိဖို့ လိုတယ်။ language တစ်ခုတည်း ရေးနေရုံနဲ့လည်း language အကြောင်း သေသေချာချာ မသိနိုင်ဘူး။ programmer တော်တော်များများဟာ ကိုယ်လုပ်နေသည့် အလုပ် သက်ဆိုင်သည့် အလုပ်နဲ့ ဆိုင်တာတွေကိုသာ လေ့လာဖြစ်တယ်။ language မှာ ပါသည့် function တွေ အစုံကို သိချင်မှ သိပါလိမ့်မယ်။ kotlin မှာ map, filter တွေကို အတော်လေးကို သုံးလို့ အဆင်ပြေတယ်။ Swift မှာဆိုရင် generic data type က အတော်လေးမိုက်တယ်။ ဒါပေမယ့် ဘယ်နေရာ ဘယ်လို သုံးရလဲ ဆိုတာကို လေ့လာဖို့ လိုတယ်။ သူများတွေ ဘယ်လို သုံးလဲ။ ကိုယ့်လက်ရှိ project မှာကော ဘယ်လို သုံးလို့ရသလဲ ဆိုတာကို ထပ်ပြီး လေ့လာနေဖို့ လိုတယ်။

Programming Basic မှာတော့ programming langauge ထက် data structure ကို နားလည်သွားဖို့ မျှော်လင့်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.