အစ်ကို ဝမ်းကွဲက သူ ဝယ်ထားတဲ့ Xoom မှာ မြန်မာလို ထည့်ချင်လို့ ဆိုတာနဲ့ Root စမ်းလုပ်ကြည့်တယ်။ သူ့မှာက one click မရှိတဲ့ အတွက်ကြောင့် အချိန်တော့ နည်းနည်းပေးလိုက်ရတယ်။
http://forum.xda-developers.com/showthread.php?t=1242241
မှာ အသေးစိတ်ရေးထားတယ်။ Root မလုပ်ခင်မှာ data တွေ အားလုံးကို backup လုပ်ထားပါ။ data တွေ အကုန်ပျက်သွားမှာ ဖြစ်ပြီး လုံးဝ အစ အတိုင်း ဖြစ်သွားမှာ ဖြစ်လို့ပါ။
၁။ ပထမဆုံး Android SDK သွင်း ရမယ်။ SDK သွင်းတဲ့ အခါမှာ adb ပါအောင် platform tool ပါ သွင်းထားပေးဖို့လိုပါတယ်။
၂။ http://goo.gl/Om9aP ကို download ချပြီးတော့ external sdcard ထဲကို ထည့် ထားဖို့လိုပါတယ်။ Zip ဖြည်ဖို့ မလိုပါ။ Zip file အလိုက်တာ ထည့်ထားပါ။ external sdcard အပြင် သေချာစေချင်ရင်တော့ Device ရဲ့ disk ထဲမှာလည်း USB နဲ့ ချိတ်ပြီး ထည့်ထားလိုက်ပါ။
၃။ Recover image ကို Download ချ။ AndroidSDK_Path/platform-tools အောက်မှာ သွားထည့်ထားလိုက်ပါ။
ပြီးရင် terminal (command prompt) ကနေ platform-tools ရှိတဲ့ နေရာကိုသွားပြီးတော့
$ ./adb reboot bootloader
$ ./fastboot oem unlock
$ ./fastboot reboot
($ ဆိုတာက terminal အစကိုပြောတာပါ ရိုက်ထည့်ဖို့ မလိုပါ)
ပြီးရင် flash recovery လုပ်ပါမယ်။
$ ./adb reboot bootloader
$ ./fastboot flash recovery recovery-Tiamat-R4c-100611-1150-cwm.img
verification ပြီးသွားတဲ့ အခါမှာတော့ volume up + power ကို တွဲနှိပ်ပြီး restart လုပ်။
၃ second လောက်ကြာရင် Motorola logo ပေါ်လာရင် volume down ကို နှိပ်။ အဲဒီ အခါ Android Recovery ဆိုတဲ့ စာပေါ်လာလိမ့်မယ်။ ပေါ်လာရင် volume up ကို နှိပ်။
Recovery mode ထဲကို ရောက်သွားပါမယ်။ မရောက်ဘူးဆိုရင် အဆင့် ၃ ကို ပြန်လုပ်ပါ။
၄။ install zip from sdcard ကို ရွေး။ Choose zip from sdcard ကို ရွေး။ Xoom-Universal-Root.zip ကို ထပ်ရွေးလိုက်ပါ။
Note: Volume button နဲ့ ရွှေ့ပြီးတော့ power button နဲ့ select လုပ်ရမှာပါ။
ပြီးသွားရင် Reboot လုပ်လိုက်ပါ။
Zawgyi Font သွင်းခြင်း
SD card ထဲကို Zawgyi-One.ttf ထည့်။
ပြီးရင် JRummy16 ရဲ့ Busybox Installer ကို သွင်းပါ။ အခြား busybox installer က Xoom မှာ သွင်းမရပါ။ ပြီးရင် buysbox installer ထဲဝင်ပြီး busybox ကို သွင်းပါ။
Font Changer ကို ထပ်သွင်းဖို့ လိုပါတယ်။
Font Changer မှာ Drioid San Fallback ကို Zawgyi-One နဲ့ လဲပေးလိုက်ရင် ရသွားပါပြီ။
Xoom မှာ ဇော်ဂျီ ကောင်းကောင်း မပေါ်ပါ။ သဝေထိုး (ေ) တွေ နေရာ လွဲနေပါတယ်။
Leave a Reply