ဒီနေ့ ကို tala chan က mail ပို့ပြီးတော့ Yunghkio အသစ် ကို mywebfont မှာ ထည့်ပေးဖို့ ပြောတယ်။ blog မှာလည်း comment ရေးထားတာ ကို တွေ့ပါတယ်။ အစက yunghkio က mac မှာရပြီဆိုတာကို မသိသေးဘူး။ သူ ပို့လိုက်တော့မှပဲ သိတော့တယ်။ ဒါနဲ့ ချက်ခြင်းပဲ mywebfont မှာ update လုပ်ထားပါတယ်။
မွန်စာ ရှမ်းစာ website တွေ အနေနဲ့ font embed လုပ်ချင်ရင်တော့
[xml]
<link href=’http://mywebfont.appspot.com/css?font=yunghkio’ rel=’stylesheet’ type=’text/css’/>
[/xml]
ဆိုတဲ့ link လေးကို <head> နဲ့ </head> ကြားမှာ ထည့်ပေးလိုက်ရင် ရပါပြီ။
ပြီးရင် CSS က font family တွေကိုတော့
[css]
font-family:Yunghkio,Myanmar3;
[/css]
ဆိုပြီး လိုက်ပြင်ပေးဖို့ လိုပါတယ်။
Yunghkio font အသစ်ကိုတော့ ဒီမှာ download ချနိုင်ပါတယ်ဗျာ။
ကျေးဇူးပဲအကို။
ယွန်းချိုဖောင့်မှာ မြန်မာစာအတွက် embedded font လုပ်ချင်ရင် မြန်မာစာသီးသန့်ရှိပါသလား။ မရှိသေးရင် လုပ်ပေးပါဦး။
Yunghkio support myanmarsar
Is there has any Yunghkio KMS to use on Keymagic to type shan or can i use that PangLong? In Keymagic?