PHP Manual

တခြားလူတွေတော့ မသိဘူး.. ကျွန်တော်ကတော့ PHP ရေးမယ်ဆို အရင်တုန်းက online ရှိမှ ရေးလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ http://php.net/manual/en ကနေ လိုချင်တဲ့ code နဲ့ပတ်သက်ပြီး သွားသွားရှာရလို့ပါ။ အမှန်တိုင်းပြောရင် mysql နဲ့ အခုချက်ချင်း ချိတ်ပြဆို ချိတ်ပြဖို့ ခက်ခဲပါတယ်။

manual လေးကို သွားပြီး တစ်ခေါက်ဖတ်ပြီးမှ ရေးနေကြမို့ပါ။ အဲဒီအတွက် သူများတွေမေးရင် ပြန်ဖြေဖို့ မလွယ်ဘူး။ online လည်းတက်ကြည့်လို့မရဘူး။ ဒါကြောင့် php.net က manual ကို website တစ်ခုလုံး download ဆွဲဖို့ ကြိုးစားသေးတယ်။ နောက်မှ မဖြစ်သေးပါဘူး။ ဘာလို့ online မှာမရှိရမှာလဲဆိုပြီး google ကနေ တက်ရှာလိုက်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုတွေ့ပါတယ်ဗျာ။ http://www.php.net/download-docs.php မှာ manual တစ်ခုလုံးကို download ရယူနိုင်ပါတယ်။ တော်တော်လေးတော့ ဝမ်းသာသွားတာအမှန်ပဲ။ ခက်တာက အကျင့်က အကျင့်ပဲလေ။ google ကနေပဲ သိချင်တဲ့ php code လေးကိုရိုက်ထည့်။ ပြီးရင် php.net/manual/en လေးကို ညွှန်းထားတာလေးကို နှိပ်။ ဒါပေမယ့် အခုတော့ online မရှိလည်း OK သွားပါပြီ။

တကယ်ကောင်းတဲ့ Reference စာအုပ်လေးပါ။ PHP သမားတွေ ဆောင်ထားသင့်ပါတယ်ဗျာ။

2 responses to “PHP Manual”

  1. အစ်ကိုရေ
    အဲဒီစာအုပ် လင့် လေးပေးပါ့လား
    ကျေးဇူးအထူးတင်စွာဖြင့်
    ဂျစ်ပဆီလေး

  2. Nice Ko yemyat a Ko a ku iPhone os 4 mar zaygyi install loat loat Ma ya pull

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading