PHP Manual

တခြားလူတွေတော့ မသိဘူး.. ကျွန်တော်ကတော့ PHP ရေးမယ်ဆို အရင်တုန်းက online ရှိမှ ရေးလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ http://php.net/manual/en ကနေ လိုချင်တဲ့ code နဲ့ပတ်သက်ပြီး သွားသွားရှာရလို့ပါ။ အမှန်တိုင်းပြောရင် mysql နဲ့ အခုချက်ချင်း ချိတ်ပြဆို ချိတ်ပြဖို့ ခက်ခဲပါတယ်။

manual လေးကို သွားပြီး တစ်ခေါက်ဖတ်ပြီးမှ ရေးနေကြမို့ပါ။ အဲဒီအတွက် သူများတွေမေးရင် ပြန်ဖြေဖို့ မလွယ်ဘူး။ online လည်းတက်ကြည့်လို့မရဘူး။ ဒါကြောင့် php.net က manual ကို website တစ်ခုလုံး download ဆွဲဖို့ ကြိုးစားသေးတယ်။ နောက်မှ မဖြစ်သေးပါဘူး။ ဘာလို့ online မှာမရှိရမှာလဲဆိုပြီး google ကနေ တက်ရှာလိုက်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုတွေ့ပါတယ်ဗျာ။ http://www.php.net/download-docs.php မှာ manual တစ်ခုလုံးကို download ရယူနိုင်ပါတယ်။ တော်တော်လေးတော့ ဝမ်းသာသွားတာအမှန်ပဲ။ ခက်တာက အကျင့်က အကျင့်ပဲလေ။ google ကနေပဲ သိချင်တဲ့ php code လေးကိုရိုက်ထည့်။ ပြီးရင် php.net/manual/en လေးကို ညွှန်းထားတာလေးကို နှိပ်။ ဒါပေမယ့် အခုတော့ online မရှိလည်း OK သွားပါပြီ။

တကယ်ကောင်းတဲ့ Reference စာအုပ်လေးပါ။ PHP သမားတွေ ဆောင်ထားသင့်ပါတယ်ဗျာ။

2 Comments

  1. အစ်ကိုရေ
    အဲဒီစာအုပ် လင့် လေးပေးပါ့လား
    ကျေးဇူးအထူးတင်စွာဖြင့်
    ဂျစ်ပဆီလေး

  2. Myat min pai says:

    Nice Ko yemyat a Ko a ku iPhone os 4 mar zaygyi install loat loat Ma ya pull

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.