Sahana ဆိုတဲ့ opensource

ဒီနေ့ အလုပ်ကိစ္စတွေ ရှုပ်တဲ့ကြားကနေ အားချိန်ပေးပြီး ညနေ ၅ နာရီမထိုးမှီ အရောက် MICT ကို အရောက်သွားခဲ့ပါတယ်… ဒီနေ့တော့ sahana.org.mm ကိုအပြီးလုပ်မယ်.. သန်ဘန်ခါ ညနေလောက် OSM ကိုအပြီးလုပ်မယ်… sahana နဲ့ OSM ကိုပေါင်းဖို့က အချိန်တစ်ရက်ပေါ့.. အဲလိုမှန်းထားခဲ့ပါတယ်… ဒီနေ့ sahana version အဟောင်းက error ရှိတယ်လို့ Bagannet က server အတွက် ကျွန်တော်နဲ့ အတူကူညီတဲ့ MIT က ATN(အောင်သူငြိမ်း) က ပြောပါတယ်… ကျွန်တော်ကလည်း နောက်ဆုံး version တင်ဖို့လုပ်ထားပါတယ်… ဒါနဲ့ စတင်မယ်ဆိုပြီး ညနေ 5 နာရီက စပြီး sahana server ကို စတင် install လုပ်ပါရော..

ကဲ.. ပြသနာ စပါပြီ…. နောက်ဆုံး version က ဘာကြောင်တာလဲမသိ… IIS နဲ့မကိုက်တာလားမသိ… သွင်းမရပါ.. database setup မှ စကြောင်ပါလေရော.. သွင်းလို့ကိုမရဘူး… လူက ဘာလုပ်ရမှန်းမသိဘူး.. ဒါနဲ့ database က sahana database sql ကို ကျွန်တော့် laptop ကနေ ထုတ်… server မှာ သွင်းဖို့လုပ်ပြန်ကော… အဆင်မပြေပါ… ဒါနဲ့ ဘာဖြစ်လဲဆိုတာ ရှာကြည့်လိုက်တော့.. MySQL 4 ဖြစ်နေတာပါပဲ.. ကျွန်တော့်ဟာက 5 လေ.. ဒါနဲ့ 4 ကို ဖြုတ် 5 ကိုထည့်… download ဆွဲချရတဲ့ အချိန်လေးလည်းရှိသေးတယ်.. ပြီးတော့ database တော့ဝင်သွားပြီ.. ခက်တာ admin panel တွေပါ ဖြုတ်ချလိုက်တယ်.. SQL file ကို mysql command နေ သွင်းတတ်ပေမယ့်.. user create ကိစ္စတွေကို မေ့ကုန်ပြီ… ဒါနဲ့ phpmyadmin ကိုသွင်း.. User တွေဘာတွေထည့်.. sahana config file တွေထည့်.. ပြင်… run တော့…. ဘာမှကို တက်မလာပါ… ဘာဖြစ်မှန်းကိုမသိ… အရင် version အဟောင်းတွေ စမ်းကြည့်… ရတယ်.. login လုပ်ဖို့ မပါ.. admin ကြီးဖြစ်နေတယ်.. အဟောင်းကို အသစ်database နဲ့ပြောင်း ချိတ်… အရင်က Map error တော့ရှင်းသွားတယ်… ဒါပေမယ့် admin မရှိဘူး.. ဟိုကလိ ဒီကလိနဲ့ ရတော့ရသွားတယ်.. ဒါပေမယ့် ဘာမှ ဝင်မရ… ၈ နာရီလည်း ထိုးတော့မယ်.. လူကလည်း တော်တော်ချမ်းနေပြီ… လိုချင်တာက version အသစ်နဲ့ ကျွန်တော်တို့တွေ LOCATION တွေကို Robert က လုပ်ပေးထားလို့ အဆင်ပြေနေပြီကြောင်း ကြည့်စေချင်တာလည်း ပါတာမို့ အဟောင်းပဲ အခု သုံးဖို့ ဆုံးဖြတ်လိုက်တယ်.. ကျွန်တော်တို့ အသစ်ကို ATN က သူ့စက်ထဲမှာ စမ်းပြီး ပြီးမှ server ဆီပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်… အဲ… တစ်ခုခုတော့ လုပ်သွားရမယ်… sahana.org.mm ကိုတော့ တက်သွားအောင် လုပ်ရမယ်.. နောက်ဆုံးတော့ အဆင်ပြေသွားတယ်.. version အဟာင်း file နဲ့ database အသစ် နှစ်ခုပေါင်းလိုက်တယ်.. အဆင်ပြေသွားပါတယ်… sahan.org.mm တော့ တက်သွားပါတယ်.. location တွေရသွားပါပြီ… စမ်းကြည့်ပေးကြပါ… သုံးကြည့်ကြပါ… sahan.org.mm မှာ sahan တင်ထားပါတယ်..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.