MZ မကြာခင်ပြန်လာမှာပါ။ အခုအကုန်လုံး ဝိုင်းဝန်းလှုကြလို့ အဆင်ပြေလာပါပြီ။ grid server နဲ့ vbulletin ကို ကိုမင်းကျော်က စိုက်ဝယ်ပေးထားတယ်။ အလှုငွေနဲ့ အကြွေးပြန်ဆပ်မှာပါ။ အခုဖြစ်နေတဲ့ ပြသနာတစ်ခုကတော့
ကျွန်တော်တို့မှာ ဟိုတစ်ခေါက် DDos နဲ့ တိုက်ခံထိတုန်းက server ခဏ ဖွင့်ပေးတယ်ထင်ပြီး ယူထားတဲ့ backup data တွေရှိတယ်။ အဲဒါကို တင်ရမလားလို့ စဉ်းစားနေတုန်း webhostingpad.com ကနေ data တွေပြန်ရနိုင်ချေရှိတယ်။ သူတို့ ပြန်ပေးမယ်လို့ဆိုတော့ ခဏလောက်စောင့်ကြည့်ရင် ကောင်းမယ်ဆိုပြီး စောင့်နေတာပါ။ ၂ ရက်လောက် စောင့်ကြည့်လိုက်တာပေါ့။ မရရင်တော့ အဟောင်းပဲ ပြန်တင်တာပေါ့။ အခုတော့ အကုန်လုံးအဆင်ပြေအောင် ဝိုင်းဝန်းလှုဒါန်းသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဆက်လက်ရက်တည်သွားမှာပါ။
Leave a Reply to adminCancel reply