ကျွန်တော် ဘာလို့ Monolithic ပဲ ရွေးချယ်တာလဲ

Microservice နဲ့ ပတ်သက်ပြီး developer တွေ မေးနေကြတာရှိတယ်။ Microservice ဆိုတာ ဘာလဲ။ သိဖို့ လိုလား။ ပြောင်းသင့်လား။ သုံးသင့်လား ဆိုပြီး။ ဘယ်အရာ မဆို pros and consရှိတာပဲ။ အခု အချိန် ထိ Microservice နဲ့ Monolithic ဆိုရင် Monolithic နဲ့ ပဲ အမြဲစ ဖို့ပဲ အကြံပေးတယ်။ Monolithic ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်တယ်။ Monolithic က ခေတ်မရှိတော့ဘူး။ Netflix တို့ Facebook တို့ Microservices တွေ နဲ့ ရေးနေကြတာ ကျွန်တော်တို့ လည်း ရေးသင့်တယ်။ သိထားသင့်တယ် လို့ ထင်ကောင်းထင်ကြတယ်။ သိထားတာကတော့ သိထားသင့်တယ်။…More

Caddy Snippet

Caddy snippet လေးတွေ ဖန်တီးထားပြီး သုံးရတာ တော်တော်အဆင်ပြေတယ်။ ရေးရတာလည်းလွယ်တယ်။ အခုလက်ရှိ လုပ်ထားသည့် snippet တွေကို ဒီမှာ လာမှတ်ထားတာပါ။ Laravel-App (laravel-app) { {args.0} { # Resolve the root directory for the app root * {args.1}/public log { output file /var/log/caddy/{args.0}.access.log { roll_size 100mb roll_keep 30 roll_keep_for 720h } format console level DEBUG } # Provide Zstd and Gzip compression encode zstd…More

GlobalProtect ကို Mac App မှာထွက်နည်း

Mac မှာ Global Protect VPN က ထွက်လို့မရပါဘူး။ နောက်ပြီး computer ဖွင့်ဖွင့်ခြင်း အမြဲတက်လာလို့ အဆင်မပြေပါဘူး။ ဒါကြောင့် ထွက်ချင်ရင် launchctl unload /Library/LaunchAgents/com.paloaltonetworks.gp.pangp* ပြန်ဖွင့်မယ် ဆိုရင် launchctl load /Library/LaunchAgents/com.paloaltonetworks.gp.pangp* နောက်တချက်က GlobalProtect VPN က https certificate trusted မဟုတ်ရင် အလုပ်မလုပ်ပါဘူး။ firefox ကနေ certificate ကို manual download ချ။ keychain မှာထည့်ပြီး trusted ပေးထားဖို့ လိုပါတယ်။More

ကလေး

2021 မှာ ပြဿနာ မျိုးစုံ ကြောင့် ဖွင့်ထးသည့် ရုံးခန်းက ပြန်ပိတ်ပြီး work from home ပဲ လုပ်နေရတာ အခု ထက်ထိပဲ ။​ ကောင်းတာကတော့ ကလေးတွေ ကို ပို အချိန်ပေးလာနိုင်ပြီး ပို နားလည်လာနိုင်တယ်။ ကလေးတစ်ယောက်က မိဘ ကို လိုချင်တာ မရလို့ ပြန်ပြောရင် သူလိုချင်တာကို သူဖြစ်ချင်တာကို ပြောရင် မြန်မာတွေက ရိုင်းတယ် လို့ ထင်ကြတယ်။​ မိဘတိုင်းက သားသမီး ကို ယဉ်ကျေးလိမ်မာ တက်ခိုင်းပြီး မိဘ စကား ကို အတင်းနားထောင်ခိုင်းတယ် လို့ ခံစားရတယ်။​ လေးစားမှုဟာ အတင်းလုပ်ယူရတာ မဟုတ်ဘူး။​ သားသမီးတွေ က မိဘ ကို လေးစားဖို့…More

အိုရှိုး၏ သေဆုံးခြင်းအနုပညာ

ဒီနှစ်ထဲမှာ ဖတ်ဖြစ်သည့် စာအုပ်ထဲက စာအုပ်ကောင်းတစ်ခုပဲ။​ တချို့အချက်တွေက ကျွန်တော်နဲ့ မတူသည့် အယူအဆ တွေ ထဲကမှ​ အချို့အချက်တွေက အတွေးအခေါ်တွေ ပွင့်သွားသလို ခံစားရအောင် ရေးသားထားတယ်။ အကြိုက်ဆုံးက “နေမင်းရဲ့ ရှေ့မှာရှိတဲ့ အမှောင်ကို ဘယ်လိုလုပ်ခေါ်ပေးနိုင်ပါ့မလဲ။ တကယ်တော့ အမှောင်ဆိုတာက ရပ်တည်ချက် (existence) တစ်ခု မဟုတ်ပါဘူး။ နောက်ပြီး အမှောင်ဆိုတာ မရှိတရား (positive) အခြေအနေတစ်ခုလည်း မဟုတ်ပါဘူး။” ဒီစာကြောင်းလေးက ကျွန်တော့်ဘက်ကနေ အခြားသူ ကို မြင်ခဲ့သည့် အမြင်ကို လုံးဝ ပြောင်းလဲ ပေးလိုက်တယ်။ တချို့လူတွေက ရှင်းပြလို့ မရဘူး။ ရှင်းပြရင်လည်း ဘာလို့ နားမဝင်တာ ကို သိသွားတယ်။​ အဲဒီလိုမျိုး လူမျိုး ကို ရှင်းပြနေတာကို မိုက်မဲသည့် အလုပ်ပဲ…More

LDAP login with PHP

LDAP ကို PHP မှာ ပါထားပြီးသားဖြစ်ပေမယ့် login ဝင်တာ မရလို့ အတော်ကို တိုင်ပတ်သွားတယ်။ ၁ ပတ်လောက် အချိန်တွေ ကုန်သွားတယ်။ ပုံမှန် LDAP ကို <?php //try to login first $ldaprdn = $request->user_id; $ldappass = $request->password; $ldapconn = ldap_connect(“TNMMADCSRV10P”); if ($ldapconn) { $ldapbind = ldap_bind($ldapconn, $ldaprdn, $ldappass); if ($ldapbind) { echo “LOG INE DONE”; } else { echo “CANNOT LOGIN”; } } Code…More

လုပ်ချင်တာလုပ်

ဘဝမှာ အသက် ၃၅ နှစ်ရောက်တော့ တော်တော်များများ လုပ်ခဲ့ပြီးပြီပဲ။ အခုတလော အလုပ်တွေများပြီး မအားတာနဲ့ လုပ်သည့် အလုပ်တွေ က ပိုက်ဆံ​ရသည့် အလုပ်တွေ မဟုတ်တာ။ (ပိုက်ဆံက ကြိုထုတ်ပြီးလို့ မရတော့တာ) စိတ်တွေညစ်နေပေမယ့် ဒီတစ်သက်လုံး လုပ်ခဲ့သမျှထဲမှာ နောင်တ ရစရာ မရှိသလောက်ပဲ။ ဘဝ တစ်ခုလုံးပြန်စဥ်းစားရင် သူငယ်ချင်းကနေ ၄ တန်း အထိ ကျောင်းအုပ်ဆရာမ ကြီး နဲ့ တူ နဲ့ ကျောင်း အတူတူတက်ခဲ့တုန်းက အာဏာပြခဲ့ရသည့် ဘဝတွေလည်း ကြုံခဲ့ရတယ်။ ဒါပေမယ့် ၅ တန်း မှာ ကျောင်းပြောင်းလိုက်တော့ ဟိုမှာ ကိုယ့်ကိုယ် အာဏာပြန်ပြမယ့် သူတွေ ကြီးနဲ့ ပဲ ကြုံခဲ့ရတော့ အခုအချိန် ပြန်စဥ်းစားမိရင် ရယ်ဖို့ကောင်းသား။…More

Bitcoin လိုတိုရှင်း By Ko Ei Maung

Book4u ကနေပဲ ကိုအိမောင် ရဲ့ စာအုပ်ကို ဝယ်ဖတ်ဖြစ်တယ်။ ၁ ရက်ထဲနဲ့ ဖတ်လို့ပြီးသွားတယ်။ ပါးပါးလေးနဲ့ နာမည်နဲ့ လိုက်အောင် လိုတိုရှင်းပဲ။ နည်းပညာ သမား အနေနဲ့ Bitcoin ကို စိတ်မဝင်ရင်တောင် block chain နဲ့ distributed ledger တွေကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Cryto ဆိုရင် hashing , encrypting စတာတွေကို သိဖို့ လိုလာပါပြီ။ hashing ဆိုတာ ဘာ encrypting ဆိုတာဘာ စတာတွေကိုလည်း ရှင်းပြထားသည့် အတွက် junior developer တွေ အနေနဲ့ ဖတ်ထားသင့်တယ်။ နောက်ပိုင်းမှာ လိုအပ်လာလိမ့်မယ်။ Bitcoin လိုတိုရှင်း ကတော့ bitcoin ဆိုတာဘာလဲ…More