လိုတိုရှင်း စု ပြီး မှတ်ထားရရင်တော့

Interview

၉ နှစ် လောက် အင်တာဗျုး မဖြေပဲ နေလာတာ ပြန်ဖြေရတော့ အတော်ကို ခက်တယ်။ Leetcode တွေကို သေလောက်အောင် မုန်းမိတာပဲ။ အင်တာဗျူး က များများ ဖြေမှ အင်တာဗျူး ပါးဝ လာပြီး ပြောတတ် ဆိုတတ်လာတာ။ အဓိကတော့ ငါ ဘာကောင်လဲ။ ငါ့ကို အလုပ်ခန့်တာ မမှားစေရဘူး ဆိုတာ အာမခံ နိုင်လောင် အောင် ပြောနိုင်ဖို့ပဲ။

အဲလို ပြောနိုင်ပြီ ဆိုရင် နောက်တဆင့် coding test တွေ လုပ်ရတယ်။

ပြီးရင် တခြား test ပေါင်းများစွာ နဲ့ အနည်းဆုံး ၄ ခါ လောက် ဖြေရတာပဲ။ အင်တာဗျူး တစ်ခါ တစ်ခါ ဖြေရတာ အရမ်းကို ပင်ပန်းတယ်။ interviewer တွေ ရဲ့ ဒါလေး တောင် မသိဘူးလား မျက်နှာပေးက တော်တော် ဆိုးတာ။

Houston, TX

Houston ကို ပြောင်းလာခဲ့တာ တစ်နှစ် ပြည့်တော့မယ်။ နှင်းမကျ သလို သိပ်လည်း မအေးဘူး။ နေရတာ မဆိုးဘူး။ လက်ရှိ နေသည့် နေရာလေး ကိုတော့ သဘောကျတယ်။

BonJoy

ဒီနှစ်မှာ BonJoy မှာ အလုပ်ရတာ ကံ အကောင်းဆုံးပဲ ဆိုရမယ်။ အများကြီး လေ့လာလိုက်ရတယ်။ Mid level အနေ နဲ့ ပဲ ဝင်တာ ဖြစ်ပြီး low code ဖြစ်သည့် အတွက် အသစ်တွေ အများကြီးပဲ။ low code နဲ့ ပတ်သက်ပြီး အများကြီး လေ့လာခဲ့ဖြစ်သလို Project Requirement တွေ ရေးတာ Document တွေ ရေးတာ အပြင် အများကြီး ပညာရတယ်။

အဓိက သင်ယူခဲ့ရတာကတော့ appreciation ပဲ။ culture shock ကတော့ သေးသေးလေး ကူညီ ပေးခဲ့ရင်တောင် daily stand up တွေမှာ ကူညီ ပေးခဲ့တာကို နာမည်ပြောပြီး appreciate လုပ်တာပဲ။ အဲဒါလေးကတော့ life change experience ပဲ။ လူတိုင်းကို အသေးအဖွဲလေး က အစ appreciate လုပ်ပေးတတ်လာတယ်။

No More Social Network

Facebook ကတော့ စိတ်ပျက်စရာ ဖြစ်တာ ကြာလှပြီ။ အခုတော့ မသုံးဖြစ်သလောက်ပဲ။ messenger ပဲ သုံးဖြစ်တော့တယ်။ နောက်ပြီး facebook marketplace မှာ ရှာချင်တာ ရှိမှ​ ဝင်ဖြစ်တော့တယ်။ Facebook ရဲ့ algorithm တကယ်ကို စိတ်ပျက်စရာ ကောင်းတယ်။ မသိသည့် သူတွေ မသိသည့် group တွေ စိတ်မဝင်စား အတင်းပြ။ sponsor တွေ ကြီးပဲ စွတ်ပြ နေလို့ နောက်ပိုင်း မသုံးတော့ဘူး။

နောက်ပြီး လူတိုင်း​ရဲ့ Ego တွေ ဖတ်ပြီး ပူလောင် ရတယ်။ ကိုယ်တိုင် ပူလောင် နေရသည့် အချိန် ဆိုတော့ ပူလောင်တာ တချက်လေး မှ မခံနိုင်တော့တာလည်း ပါတယ်။

X ကတော့ ရွေးကောက်ပွဲမှာ စိတ်ပျက်စရာ ကောင်းလှအောင် Elon post တွေကြီး ပြနေတာရယ် နောက်ပြီး Trump ကောင်းကြောင်းပဲ အလိုလို ပြနေတာ ကြောင့် မသုံးဖြစ်တော့ဘူး။

Youtube ကလည်း အကုန်လုံး ပိုက်ဆံ ရှာဖို့ ကြိုးစားနေကြတယ် လို့ ပဲ မြင်နေရတယ်။ တကယ်ကို လုပ်ချင်လို့ လုပ်နေတာ မဟုတ်ပဲ ပိုက်ဆံ ရဖို့ လူကြည့်များ ဖို့ လုပ်နေသလိုပဲ။ Ryan Higa တို့ ခေတ်ကို သတိရမိတယ်။ သီချင်း ဆိုသည့် သူတွေက ကိုယ်တိုင် သီချင်း ရေးပြီး ဆိုကြတယ်။ iTune ကနေ သီချင်းတွေ ရောင်းကြတယ်။ Short Stories လေးတွေ ရိုက်ကြတယ်။ ဝါသနာ အရ လုပ်ကြတာ။ အခုတော့ ဘယ်မှာ ကြည့်ကြည့် challenge တွေ ပဲ တွေ့နေရသလိုပဲ။ Freddie Wong ရဲ့ series တွေ ဆိုရင် အတော် ကောင်းတာ။

တခါတစ်လေ burhttps://burma.social/ ကို ဝင်ကြည့်ဖြစ် ဝင်ရေးဖြစ်တယ်။ Social network တွေက အကုန်လုံးက self center ဖြစ်လာတာက အတော် ကူ ပူလောင် တယ် ထင်လို့ မသုံးဖြစ်သည့် နောက်ပိုင်း စိတ်ချမ်းသာတယ်။

RSS ကို ပဲ​ပြန်သုံးဖြစ်တယ်။ အခုထက်ထိ အဆင်ပြေနေသေးတယ်။ ငြိမ်းချမ်းတယ်။ ကိုယ်သိချင်တာ ပဲ​မြင်ရတယ်။

Reddit

ဒီနှစ်ကတော့ Reddit ကို ပဲ သုံးဖြစ်တယ်။ ဟိုးအရင်ခေတ်က forum အတိုင်းပဲ။ နောက်ဆုံး တင်တာ ကြည့်ပဲ။ facebook, twitter တို့လို သူတို့ ပြချင်တာ ကိုယ်က ကြည့်နေရတာ မဟုတ်ဘူး။ Switch Game ခွေတွေ စျေးသက်သက်သာသာ နဲ့ reddit ကျေးဇူးကြောင့်ရလိုက်တယ်။ ဘယ် မှာ စျေးတွေ ချနေပြီ ဆိုတာ reddit community မှာ တင်ပေးကြတယ်။ Swtich , SwiftUI , Flutter စသည့် community တွေက မဆိုးဘူး။ Reddit က လူသားဆန် တယ်။ self center မဟုတ်ပဲ Topic center ဖြစ်တော့ အဆင်ပြေကြတယ်။ ဒါပေမယ့် Crypto network က လူတွေကတော့ Twitter (X) လောက် မကောင်းကြဘူး။ Mac Gaming ကတော့ ရှယ်။ ဘယ် game တွေ ဆော့လို့ ရမလဲ ဆိုတာ အဲဒီမှာ ပဲ​အရင် ရှာ ဖြစ်တယ်။

၂၀၂၄ ကတော့ မိသားစု အတွက်ပဲ ဖြစ်သလို ၂၀၂၅ ကလည်း မိသားစု အတွက်ပဲ ဖြစ်လာမှာပဲ။ နောက် နှစ် တွေလည်း ဘာမှ ထူးခြား ပြောင်းလဲ သွားမယ် လို့ မထင်မိဘူး။