Living with MMGLite

MMGlite တည်ရှိတာလည်း ၁ နှစ်တောင် ကျော်သွားပါပြီ။ တဖြည်းဖြည်းနဲ့ support လုပ်လာတာ မသိမှန်းမသိပဲ အချိန်ကြာလာပြီဆိုတာ ဒီနေ့မှ သိလိုက်ရတယ်။ ဒီနေ့မှ ထပ်ရေးဖြစ်တာလေးတွေကို news အနေနဲ့ ဖော်ပြလိုက်မှ Sep 29 2006 က စခဲ့တယ်ဆိုတာကို သိရတော့တယ်။ အမှန်တိုင်းတော့ အဲဒီ မတိုင်ခင်က စခဲ့တာပါ။ လူတွေ မသိခင် ကြိတ်စမ်းခဲ့တာ။ mmglite စတာကို မှတ်မိသေးတယ်။ planet မှာ glite ကို ဇော်ဂျီ support လုပ်လို့ရအောင် ရေးပေးကြပါလို့ တောင်းဆိုသေးတယ်။ လုပ်ပေးတယ်။ ဒါပေမယ့် အားမရဘူး။ ကျွန်တော်ဖြစ်စေချင်တာက မြန်မာတွေအတွက် ဖြစ်စေချင်တယ်။ လုပ်ပေးတဲ့ glite တောင် မမှတ်မိတော့ဘူး။ အဲမှာ စာရိုက်ရင် မြန်မာလိုရတယ်။ အဲစာဖတ်တာကို မြန်မာလို မရဘူး။ အဲဒါနဲ့ပဲ မထူးပါဘူး။ ငါစမ်းကြည့်အုံးမှပဲဆိုပြီး အဲဒီအချိန်မှ PHP ကို စဖတ်ခဲ့တာပါ။ PHP ကို အဲဒီကနေ စခဲ့တယ်ဆိုလည်း မမှားပါဘူး။ PHP ကို နည်းနည်းနားလည်တော့မှ mmglite ကို စတင်အကောင်အထည်ဖော်ခဲ့တာပဲ။ awardspace မှာ bandwidth မနိုင်တော့လို့ hosting ဝယ်ခဲ့ရတာကို မှတ်မိသေးတယ်။ mmglite ကနေစပြီး hosting ဝယ်တတ်လာတယ်။ ဘာပဲ ပြောပြော mmglite ကို အသုံးပြုတဲ့ လူတွေရဲ့ ကျေးဇူးတွေက မနည်းဘူး။ သူတို့ကြောင့် ကျွန်တော် hosting ဝယ်တတ်လာတယ်။ သူတို့ အားပေးလို့ ကျွန်တော် mmglite မှာ အခြား glite တွေနဲ့ မတူအောင် လုပ်ပေးလာနိုင်တယ်။ ဆက်လက်ပြီးလည်း လုပ်ပေးအုံးမှာပါ။ လုပ်ဖို့လည်း ရှိပါတယ်။ ခက်တာက လူက ပျင်းနေတယ်။ ကျွန်တော် လုပ်စရာတွေ အများကြီးရှိသေးတယ်။ အခုချိန်မှာ အပျင်းလေးက ခံနေတော့ စိတ်သွားတိုင်း ကိုယ်က မပါဘူး။ ဆက်လက်ပြီးတော့ ကောင်းသထက်ကောင်းလာအောင် အကောင်အထည်ဖော်ပေးသွားမှာပါဗျာ။ glite လုပ်နည်းကိုလည်း froum မှာ ကျွန်တော် ဖော်ပြပေးထားပါတယ်။

History

Jan 31 2008 @yourdomain.com နှင့် ဝင်ရောက်နိုင်ပါပြီ။ ဥပမာ admin@mysteryzillion.com ကဲ့သို့သော gmail service မှယူထားသော mail များ ဝင်ရောက်နိုင်ပါပြီ။
Jan 31 2008 :D , :) , :( , :P တို့ကို yahoo icon အဖြစ်ပြောင်းလဲထားသည်။
Jan 13 2008 Fixed Raw HTML Format
Jan 12 2008 Fixed Character Error
Jan 08 2008 Fixed Login Error
Sep 16 2007 Fixed Compose Error
Sep 16 2007 Post Image Smile အသစ်ထည့်သွင်းထားသည်
July 22 2007 Blacy Smile အသစ်ထည့်သွင်းထားသည်
July 22 2007 Firefox တွင် text editor သုံးနိုင်ပါပြီ (built-in keyboard တော့မရပါ)
Jun 24 2007 Myanmar Key Map ကိုထပ်မံဖြည့်စွက်ထားသည်…
May 05 2007 မြန်မာစာ keymap ထည့်သွင်းထားသည်..
Api 12 2007 ပုံများကို Text Editor တွင် တိုက်ရိုက် upload လုပ်လို့ရပါပြီ
Mar 01 2007 Smile Icon များ e-mail တွင်ပေးပို့နိုင်ပါပြီ…
Feb 11 2007 Image File များကို Mail တွင် ကြည့်ရှု ပေးပို့နိုင်ပါပြီ..
Jan 31 2007 Text Editor တွင် Alt+n ဖြင့် လက်ကွက်ပြောင်းနိုင်ပြီ..
Dec 10 2006 Attachment လက်ခံနိုင်ပါပြီ…
Dec 02 2006 စာရေးရန် Text Editor ထည့်သွင်းထားပါသည်။ Myanmar Font မရှိသူများသည် Text Edior Toolbar မှကို နှိပ်ကာ မြန်မာစာရိုက်နိုင်ပါသည်…
Nov 13 2006 Keyboard သွင်းစရာ မလိုပဲနှင့်စာရိုက်နိုင်ပြီ (IE only)
Nov 13 2006 Rich Text Box Default Font is Zawgyi-One
Nov 11 2006 Use Web Embed Font
Oct 09 2006 Fix Rich Text Box Error
Oct 02 2006 Main Page ကို အနည်းငယ်ပြုပြင်ထားသည်။
Sep 29 2006 Rich Text Box ကို အသစ်ပြုပြင်ရေးဆွဲထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.