Bamboo Fineline 2

Adoit JotScript 1 ကို ဝယ်ထားပေးမယ့် iPad Air 2 နဲ့ အဆင်မပြေတာ ကြောင့် မသုံးဖြစ်သလောက်ပဲ။ Bamboo က fineline 2 ကို iPad Air 2 အတွက် ထုတ်တယ်ဆိုတာကြောင့် ဝယ်ဖို့ စဉ်းစားခဲ့တာ အတော့်ကို ကြာခဲ့ပါပြီ။ ထွက်ကတည်းက ဝယ်ဖို့ စဉ်းစားပေမယ့် review တွေကို စောင့်ဖတ်နေတာ နဲ့ အတော်လေးကို ကြာသွားတယ်။ Review တွေ အဆိုအရ မဆိုးလှတဲ့အပြင် လက်ရှိက Bamboo Paper နဲ့ Noteshelf ကို သုံးဖြစ်တယ်။ အဓိကတော့ Project design, flow တွေ အတွက် Bamboo Paper ကို သုံးဖြစ်တယ်။ လက် ၂ ချောင်းနဲ့ Pinch လုပ်ပြီး Zoom ဆွဲလို့ရတဲ့ အတွက် Drawing ပိုင်းတွေက Noteshelf ထက် စာရင် ပို အဆင်ပြေတဲ့ အတွက်ကြောင့်ပါ။

Singapore Wacom online store ကနေ ဝယ်ရင် ၃ ရက် အတွင်း ပစ္စည်းရောက်လာပါတယ်။ အထဲမှာတော့ Bamboo Fineline 2 နဲ့ Power Cable တစ်ခု ၊ နောက်ပြီး manual အချို့ ပါပါတယ်။ Bamboo Paper ကို ဖွင့်ပြီးတော့ Bamboo Fineline ကို လွယ်လင့်တကူ ချိတ်လိုက်လို့ ရပါတယ်။

သုံးကြည့်တဲ့ အခါမှာတော့ အဓိက ပြဿနာက offset လွဲနေခြင်းပဲ။ မျဉ်းကြောင်းဆွဲတာ ဖြစ်ဖြစ် စာရေးတာ ဖြစ်ဖြစ် ဘယ်ဘက်ကို 2 pixel လောက်ကွာပြီး ပေးနေတယ်။ Bluetooth မသုံးပဲ အသုံးပြုရင်တော့ အဆင်ပြေပါတယ်။ Bluetooth နဲ့ ဆွဲရင်တော့ 2 pixel ကွာတဲ့ အတွက်ကြောင့် အတော့်လေးကို ဒုက္ခရောက်ပါတယ်။ အဓိကတော့ ကျွန်တော် stylus ကိုင်တဲ့ ပုံစံ အတွက် Bamboo ရဲ့ SDK မှာ writing style က မပါလာဘူး။ ဒါကြောင့် Bluetooth နဲ့ သုံးတဲ့ အခါမှာ Fineline 2 ကို ညာဘက်ပို စောင်းပြီး ရေးရတယ်။ ဒါမှ စာပေါ်တဲ့ နေရာက ပုံမှန် ဖြစ်ပါတယ်။ English လိုရေးတာ ပြဿနာ မဟုတ်ပေမယ့် မြန်မာလိုက အဲဒီလို နည်းနည်းစောင်းပြီး ရေးလို့ မရဘူး။ ပုံမှန် ရေးနေကြပုံစံ နဲ့ ရေးမှပဲ ရေးတတ်တယ်။ မြန်မာလို ရေးမယ့် အကြောင်းအရာတွေ ပါလာရင်တော့ Bluetooth မသုံးပဲ ဒီအတိုင်း ဆွဲတာ ပိုအဆင်ပြေတယ်။

Bluetooth နဲ့ Bluetooth မသုံးတာ အဓိက ကွာခြားချက်ကတော့ pressure ပါပဲ။ နောက်ပြီးတော့ Fineline မှာ Power On တဲ့ ခလုတ်ပါတယ်။ Bluetooth သုံးရင် အဲဒီ ခလုတ်ကို ဖိထားရင် ခဲဖျက် အနေနဲ့ အသုံးပြုလို့ရအောင် Bamboo Paper မှာ Setting ချိန်လို့ ရပါတယ်။ တခြားတော့ ထွေထွေထူးထူး ကြီး ကွာခြားသွားတာ မရှိပါတယ်။ Stylus အဟောင်းတွေက ထိပ်က tip တွေ က သိပ်ကြီးတဲ့ အတွက် စာရေးရတာ အဆင်ပြေမပြေဘူး။ Bamboo Fineline 2 ကတော့ tip လေးတွေ သေးတဲ့ အတွက် ခဲတံ လိုရေးလို့ ရပါတယ်။ သို့ပေမယ့် ရေးရတာဟာ မှန်ပေါ်မှာ ဘောပင်နဲ့ ရေးရသလို တထောက်ထောက် နဲ့ တော့ ဖြစ်နေပါတယ်။

ဖြစ်နိုင်ရင်တော့ iPad Pro နဲ့ Apple Pencil ကို သာ အသုံးပြုချင်တယ်။ Apple Store ရောက်တုန်းက Apple Pencil ကို iPad Pro မှာ စမ်းပြီး သုံးကြည့်တဲ့ အခါမှာတော့ တခြား stylus တွေနဲ့ မတူပဲ တခြား ဆီပဲ။ ဘယ်လို လက်အနေထားဖြစ်ဖြစ် အဆင်ပြေတယ်။ လက်ရှိ ခဲတံ ကို အသုံးပြုသလို မျိုး ကောင်းကောင်း အသုံးပြုလို့ ရတယ်။ သို့ပေမယ့် iPad Pro က သိပ်ကြီးလွန်းတာကြောင့် မကြိုက်တာတော့ အမှန်ပဲ။ iPad Air 2 အတွက် Apple Pencil က support မလုပ်တာကြောင့် လက်ရှိတော့ Bamboo Fineline 2 က အကောင်းဆုံးလို့ပဲ ဆိုရပါလိမ့်မယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.