Unsplash Wall (Android)

Unsplash Wall ကို iOS အတွက် လွန်ခဲ့တဲ့ နှစ်က January လောက်မှာ App Store ပေါ်ကို တင်ခဲ့ပါတယ်။ Unsplash.com က ပုံတွေကို wallpaper အနေနဲ့ သိမ်းလို့ ရအောင် ဒါမှမဟုတ် နှစ်သက်ရာ ပုံတွေကို download ချလို့ရအောင် ဖန်တီးထားခဲ့တဲ့ App တစ်ခုပါ။ Unsplash.it API ကို အသုံးပြုထားပါတယ်။

New Year အားလပ်ချိန်တုန်းက Android အတွက် Material Design လေးကို လေ့လာရင်းနဲ့ Unsplash Wall ကို Android အတွက် ရေးဖြစ်ခဲ့ပါတယ်။ အခု Play Store မှာ download ချနိုင်ပါပြီ။ material design ကို စမ်းသပ်ထားတဲ့ အတွက်ကြောင့် ကျွန်တော့် စိတ်ကြိုက်ပုံစံလောက်ထိ performace က android မှာ မကောင်းတာတော့ အမှန်ပါ။ နောက်ပြီး Android ရဲ့ material design guide line ကို အခုမှ ဖတ်ပြီး စမ်းသပ်ကြည့်တဲ့ ပထမဆုံး App လည်း ဖြစ်ပါတယ်။

Material Design က Android မှာ မဖြစ်မနေ သုံးသင့်တဲ့ design ဆိုတာကို လက်ခံပါတယ်။ အတော်လေးကို ကောင်းမွန်ပြီး သေသေချာချာ ရေးဆွဲထားတယ်ဆိုတာကို လေ့လာရင်းနဲ့ ပိုပြီး သိလာပါတယ်။ နောက်ပိုင်း Android App တွေကို Material Design guide line ကို ကြည့်ပြီးတော့ ဖန်တီးဖြစ်ဖို့ကတော့ သေချာသလောက်ပါပဲ။

Unsplash Wall Android version မှာ iOS App အတိုင်း

  • Random Image
  • Download Image (Screen size)
  • Download Original Image (Full size)

ထည့်သွင်းထားပါတယ်။ နောက်ပြီးတော့ Android က Wallpaper ကို တိုက်ရိုက် Apply လုပ်လို့ ရတာကြောင့် တစ်ခါတည်း wallpaper ပြောင်းတဲ့ function ကို ထည့်သွင်းထားပါတယ်။

Google Play Store မှာ download ချနိုင်ပါပြီ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.