Building API You Won’t Hate

ဒီစာအုပ်ကို မဖတ်ခင်တုန်းက အတော့်ကို မျှော်လင့်ထားပါတယ်။ သို့ပေမယ့် တစ်အုပ်လုံး ဖတ်ပြီးသွားသည့် အချိန်မှာတော့ သိပ်ပြီးတော့ အချက်အလက် တွေ မပါပေမယ့် အခုမှ စပြီးတော့ REST API ဆိုတာ ဘာလဲ REST API ဘယ်လို တည်ဆောက် သင့်သလဲ ဆိုတာကို လေ့လာ နေသည့် သူတွေ အတွက် အသုံးဝင်မယ့် စာအုပ်ပါ။

cover

Build API You Won’t Hate ဆိုတဲ့ ခေါင်းစဉ်ထက် How RESTFUL API should be ဆိုရင် စာအုပ်ထဲက စာနဲ့ ခေါင်းစဉ်နဲ့ ကိုက်ပါလိမ့်မယ်။ စာအုပ်ထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာက Authentication , Pagination and API Version ဆိုတဲ့ Chapter ၃ ခု ပါပဲ။ Authentication အပိုင်းမှာ ကျွန်တော် စပြီးတော့ RESTFUL ကို လုပ်တဲ့ အချိန်က oAtuh 1.0 အစား oAuth 2.0 ကို ပြောင်းဖို့ လုပ်နေတဲ့ အချိန်ပါ။ စင်္ကာပူ ရောက်ကာစ က oAuth 1.0 က အတော့်ကို ရှုပ်ထွေးလို့ oAuth 1.0 ကို PHP နဲ့ ဘယ်လို ရေးရမယ် oAuth 1.0 ကို ဘယ်လို ချိတ်ရမလဲ စတာတွေ ကို လေ့လာ ခဲ့တာတွေကိုတောင် သတိရမိသေးတယ်။ နောက်ပိုင်း oAuth 2.0 ကြောင့် အတော့်ကို လွယ်ကူသွားပြီးတော့ နားလည်ဖို့ လည်း လွယ်သွားတယ်။

API ကို တစ်ခါမှ မတည်ဆောင်ဘူးတဲ့ သူတွေ အတွက်ကတော့ API မတည်ဆောက်ခင်မှာ ခဏလောက် ဖတ်ကြည့်သင့်တဲ့ စာအုပ်ပါ။ လက်တွေ့ လုပ်သက်ရှိပြီး API backend ပိုင်းတွေသာ ရေးနေတဲ့ သူတွေ အတွက်ကတော့ သိပ်ပြီး မထူးလောက်ပါဘူး။

နောက်ပြီး mobile developer အနေနဲ့ API တည်ဆောက်တဲ့ အခါမှာ mobile UI အတွက်ပါ ထည့်စဉ်းစားတဲ့ အပိုင်းတွေကို API တည်ဆောက်တဲ့ အခါမှာ ထည့်စဉ်းစားသင့်တယ်။ ဥပမာ။။ အမည် ဆိုပါ စို့။ Name ကို စာလုံး ၁၀ လုံးပဲ ခွင့်ပြုတယ်။ စာလုံး ၁၀ လုံးထက် ကျော်သွားရင် backend က error ပြမလား ဒါမှမဟုတ် စာလုံးကို ၁၀ လုံး ဖြတ်ပြီး သိမ်းမှာလား။ တကယ်လို့ စာလုံး ဖြတ်ပြီး သိမ်းရင် mobile ဘက်က ပြန်ပြနိုင်အောင် return ပြန်လုပ်ဖို့ တွေ ကို ပါထည့်စဉ်းစားရတယ်။

အခုနောက်ပိုင်း API ကို တည်ဆောက်တဲ့ အခါမှာ သုံးမယ်သူတွေ ဘယ်လို သုံးမလဲ ဆိုတာကို ထည့်စဉ်းစားပြီး တည်ဆောက်တာ ၂ ဘက် လုံး အတွက် အဆင်ပြေပါတယ်။

1 Comment

  1. Yes, I feel the same. I prefer his articles on blog than this book.

Leave a Reply to Naing Lin Aung Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.