Google Nexus 7 – Review

Google Nexus ကို ဝယ်ထားပြီးတော့ အခုတလော စမ်းသုံးကြည့်တယ်။ Speaker က မဆိုးဘူး။ အသံကြည်တယ်။ Mic က built in ပါတယ်။ Camear က ရှေ့ဘက်မှာပဲ ပါတယ်။ နောက်ဘက် မပါတဲ့ အတွက် ရိုက်လို့ မရဘူး။ built in camera app မပါလာဘူး။ camera app ကို သီးသန့် ထပ်ထည့်ရတယ်။ Skype ကို camera နဲ့ ပြောလို့ရတယ်။ Address book ကိုတော့ people လို့ နာမည်ပေးထားတယ်။ Address book ဆိုတာ ရှာမတွေ့လို့ app တွေ အကုန်လိုက်ကြည့်လိုက်ရတယ်။ People app ကို gmail နဲ့ sync လုပ်ထားတယ်။

Play store က vibe သွင်းမရလို့ xda developer က api file ကို သွင်းတော့ အဆင်ပြေတယ်။ ဖုန်းနံပတ်ကတော့ တခြား ဖုန်းနံပတ်တစ်ခု သုံးရတယ်။ ဒါမှ verified code ကို ရမှာ။ မူရင်း ဝယ်တဲ့ အထဲမှာ ear phone မပါလို့ သီးသန့် ထပ်ဝယ်ရလိမ့်မယ်။ နောက်ပြီးတော့ သူ့ကိုထည့်ဖို့ case တွေကတော့ စလုံးက store တွေမှာ မတွေ့ရသေးဘူး။ သို့ပေမယ့် Qoo10 ဆိုတဲ့ online shopping ကနေ ဝယ်လိုက်တယ်။ ဒါလေး ကို ဝယ်လိုက်တာပါ။ ဈေးလည်း သက်သာတယ်။ ပို့တာလည်း ၃ ရက်လောက်ပဲ ကြာတယ်။ ပစ္စည်း qulity ကလည်း မဆိုးဘူး။

 

Chrome browser က မြန်မာစာ unicode ကော ဇော်ဂျီကော ကောင်းကောင်း မဖော်ပြပေးနိုင်ဘူး။ သဝေထိုးတွေက နေရာတွေ လွဲနေတယ်။ firefox နဲ့တော့ အဆင်ပြေတယ်။ အဆင်မပြေတာဆိုလို့ back camera မပါတာလောက်ပဲ ရှိတယ်။ တခြား App တွေ OS feature တွေကတော့ သိပ်အကွာကြီးမဟုတ်ဘူး။ 4.1 Jelly Bean က သုံးရတာ ပိုလွယ်တယ်။ notification bar ကတော့ တော်တော်လေးကောင်းတယ်။ mulit task အတွက် app တွေကို ပြန်ပိတ်ရတာ အရင်ကထက် ပိုအဆင်ပြေတယ်။ Chrome ရဲ့ webview ကသာ မြန်မာစာကို ကောင်းကောင်း support ရင်တော့ မြန်မာစာ App တွေအတွက် ပိုကောင်းလာလိမ့်မယ်။ အခုတော့ app ထဲမှာ web view သုံးလိုက်ရင် သဝေထိုးတွေက နေရာလွဲကုန်တယ်။ ဘာပဲပြောပြော သုံးပျော်တဲ့ device ဆိုတာကတော့ မမှားပါဘူး။

4 Comments

  1. Banyar says:

    အကိုရေ မြန်မာလိုမြင်ရအောင်က root လုပ်ရသေးလား။ Dolphin တို့ Crome တို့နဲ့ နေရာလွဲပေမဲ့ Firefox ဒါမှမဟုတ် Opera နဲ့ဆို အဆင်ပြေမလားမသိဘူး။

    1. saturngod says:

      ကျွန်တော် ကတော့ root မလုပ်ထားပါဘူး။ မြန်မာလို မြင်ရအောင်လည်း ဘာမှ မလုပ်ထားဘူး။ font embed ပါရင်မြင်ရတယ်။ မပါရင် မမြင်ရဘူး။ rook ကတော့ လုပ်လို့ရတယ်။ သို့ပေမယ့် update အသစ်ထွက်ရင် သွင်းမရမှာ ဆိုးလို့ root မလုပ်ပဲ ထားထားတယ်။ Firefox နဲ့ဆိုရင်တော့ font embed လုပ်ထားတဲ့ မြန်မာစာတွေ ဖတ်လို့ရတယ်။

  2. Arkarphyo says:

    pattern Lock ကျသွားလု့ိ ကူညီပေးပါအုံး အကိုရေ အွန်လိုင်းမှာ တွေ့တဲ့နည်းနဲ့ လုပ်တာ အဆင်မပြေလို့ပါ။

    1. saturngod says:

      If there is no way, try factory reset.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.