Logitech Combo Touch iPad 7th gen

Logitech Combo Touch ကို ထွက်ထွက်ခြင်း Singapore ကနေ order မှာ ထားပေမယ့် Covid နဲ့ ကြာနေတော့ မနေ့ကမှ ရောက်လာပါတယ်။ ဒီနေ့ စမ်းကြည့်တာကတော့

ကောင်းတာလေးတွေက

  • Design မိုက်တယ်။ သုံးထားသည့် material တွေက ကောင်းတယ်။
  • Keyboard ကောင်းတယ်။
  • Touch Pad က အတော်လေးကို ကောင်းတယ်။
  • Pencil ထည့်ဖို့ နေရာပါတယ်။

မကောင်းတာကတော့

  • အရမ်းလေးတယ်
  • Surface လိုမျိုး keyboard ကို နောက်ကို လှဲလိုက်လို့ မရဘူး
  • Keyboard က ပြုတ်ထွက် လွယ်တယ်။
  • ထောင်ဖို့ အတွက် ထောင့် degree က အရမ်းသေးတယ်။ တစ်ခုပဲ သုံးလို့ရတယ်။ surface လိုမျိုး ၂ ဆင့် သွားလို့မရဘူး။

စျေးနှုန်းကတော့ S$229 ကျပါတယ်။ ဖြစ်နိုင်ရင်တော့ ခဏ စောင့်ပြီး အခု လာမယ့် Sep 15 Apple Event မှာ iPad အသစ် ကြေငြာမလား စောင့်ကြည့်သင့်ပါတယ်။

Portable မဖြစ်သည့်အတွက် ဝယ်ဖို့တော့ recommend မလုပ်ချင်ပါ။ ကျွန်တော့်လို စာရေး email ပို့ document တွေ ရေးသည့် သူတွေ အတွက်သာ အဆင်ပြေပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading