Rewrite Ornagai with Flutter

Android ကို kotlin နဲ့ မရေးဖြစ်တာ တော်တော်ကြာသွားပြီ။ Ornagai ကိုလည်း update မလုပ်ဖြစ်ဘူး။ အခု flutter ကို လေ့လာမှ Ornagai ကို ပြန်ပြီး ရေးဖြစ်တယ်။ Flutter နဲ့ ရေးရတာ တော်တော်လေးအဆင်ပြေတယ်။ အထူးသဖြင့် widget တွေကို ပြန်ပြန်သုံးလို့ရတာ နောက်ပြီး stateful ဖြစ်တာတွေက အရင်က ရေးရသည့် ပုံစံ နဲ့ မတူဘူး။

Flutter ကို စလေ့လာကာစက development time ကြာမယ် ထင်ပေမယ့် တကယ်လုပ်ကြည့်တော့ ပုံမှန် Kotlin နဲ့ ရေးတာထက် ပိုပြီး မြန်တယ်။ နောက်တချက်က package တွေက တော်တော်များများ ready ဖြစ်နေပြီ။​ webview issue လောက်ပဲ ကျန်တော့တယ်။

နောက်ပိုင်း Android/iOS ကို ဖြစ်နိုင်ရင် flutter ပဲ​ပြောင်းသုံးတော့မယ်။ Flutter က production ready ဖြစ်နေပြီ လို့ ဆိုရမယ်။​ Swift ကတော့ လက်လွှတ်လို့ မရေသးဘူး Swift UI အခု ပြန်လုပ်ကြည့်နေတယ်။ Mac/iPhone/iPad ၃ ခု လုံးအတွက် ထုတ်လို့ရတယ်။ Ornagai ကို Swift UI နဲ့ ပြန်ရေးကြည့်ဖို့ စဥ်းစားထားတယ်။ Mac နဲ့ iPad အဓိက မဟုတ်ရင် flutter ပဲ သုံးတော့မယ်။ Flutter က ipad အတွက် ဆိုရင်တော့ အဆင်မပြေဘူး။

Swift မှာက ပါသည့် Swift UI တွေက အလိုလို ပြင်ထားပေးတယ်။ iPad/Mac ဆိုရင် ဘယ်လို ပြမယ် iPhone ဆို ဘယ်လို ပြမယ် ဆိုပြီးတော့။ Ornagai ကို Mac အတွက်ပါ ထုတ်ဖို့ အစီအစဥ် ရှိတော့ Swift UI ပဲ​ ဆက်သုံးမယ်။ Flutter နဲ့ အဆင်မပြေဘူး။ နောက်တချက်က Watch App ပါ ရှိသည့် အတွက် Flutter ကို သုံးလို့ မရဘူး။

Flutter က only Android and iPhone ဆိုရင်တော့ perfect ပဲ။ Watch App , TV App , Mac App , iPad App စတာတွေ ပါလာရင်တော့ အဆင်မပြေဘူး။

Google Play မှာတော့ တင်ထားပြီးပြီ။ review က ၇ ရက်လောက်တော့ စောင့်ရမယ် ထင်တယ်။ App Bundle ပါ ပြောင်းထားတော့ download ချရမယ့် size ကတော့ သေးသွားလိမ့်မယ် ထင်တယ်။

APK ကို Download ချချင်ရတော့ https://dsh.re/8dfe2 မှာ download ချနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.