Nook color is best for End User

စာဖတ်ဖို့အတွက် Android Tablet ရွေးမလား Nook Color ရွေးမလားဆိုရင်တော့ Nook Color ကို recommend လုပ်ပါတယ်။ Android ဆိုတာက Geek တွေအတွက်ကတော့ ထမင်းစားရေသောက် လုပ်ချင်တာ လုပ်ဖြစ်ပေမယ့် End user တွေအတွက် တော်တော် အလုပ်ရှုပ်မယ့် ကိစ္စတွေရှိပါတယ်။ စာဖတ်ဖို့အတွက် App ထပ်သွင်းရတာ ရှိမယ်။ Epub , PDF , docx , doc စတဲ့ format တွေ ဖတ်ဖို့အတွက် App ထပ်သွင်းရပါမယ်။ Market ထဲကို ဝင်ပြီး ရှာရမယ်။ ပြီးရင် App ကို ဖွင့်ပြီး SD card ကနေ စာအုပ်ဖွင့်ရမယ်။ အဲဒီအတွက် Computer နဲ့ ချိတ် စာအုပ်တွေ ထည့်။ ပြီးရင် App သွားပြီး file တွေ ရွေးပေးရပါအုံးမယ်။  Nook color  ဆိုရင်တော့ Computer နဲ့ Nook Color ကို USB နဲ့ ချိတ်။ ပြီးရင် file ကူး။ ဒါဆိုရင် ဖတ်လို့ရပြီ။ ဘာ အဆင့်မှ မလိုပါဘူး။ စာအုပ်ဖတ်ဖို့အတွက် သီးသန့်ပါ။ အခြား Game ပါဆော့ချင်ရင်တော့ Android Tablet ဖြစ်ဖြစ် iPad ဖြစ်ဖြစ် ဝယ်ပေါ့ဗျာ။

Nook color  ဆိုရင်တော့ Computer နဲ့ Nook Color ကို USB နဲ့ ချိတ်။ ပြီးရင် file ကူး။ ဒါဆိုရင် ဖတ်လို့ရပြီ။

အသုံးပြုခြင်း

စာအုပ်ဖတ်တာအပြင် ဓာတ်ပုံကြည့်တာနဲ့ သီချင်းနားထောင် video ကြည့်တာတွေ ပါလုပ်လို့ရတယ်။ ဒီလောက်ဆိုရင် သာမာန် user အတွက် လုံလောက်ပြီ။ Android Market မရှိတဲ့အတွက်ကြောင့် အခြား အပိုတွေ ဘာမှ ထပ်သွင်းလို့မရဘူးပေါ့။ Wifi နဲ့ ချိတ်ပြီး internet သုံးလို့ရတယ်။ ဒါကြောင့် web mail စစ်လို့ရမယ်။ Gmail သုံးလို့ရမယ်။ Gtalk ကိုတော့ website ကနေ သုံးလို့ရမယ်။ အဓိက စာဖတ်ဖို့ဖြစ်တဲ့အတွက် စာဖတ်တာပဲ လုပ်လို့ရတယ်။ facebook , twitter တို့နဲ့ချိတ်ပြီး ဖတ်တဲ့ စာတွေကိုလည်း share လုပ်လို့ရတယ်။ Memory Stick လိုမျိုး computer နဲ့ ချိတ်လိုက်ရင် drive ပေါ်လာပြီး စာအုပ်တွေကို ထည့်လိုက်ရုံပဲ။ USB ကို safe remove လုပ်ပြီးရင် စာဖတ်လို့ရပြီ။ အသုံးပြုရတာ အရမ်းလွယ်တယ်။

OS ပြဿနာ

ပြဿနာက အားသွင်းချိန်မှာ keyboard က ရိုက်လိုက်ရင် တလွဲတွေ ထွက်နေတာပဲ။ ဘာကြောင့်လည်း မသိ။ Root လုပ်ထားလို့ ထင်ပြီး unroot ပြန်လုပ်တယ်။ ဖြစ်နေတာပဲ။ အားသွင်းတဲ့ USB ကြိုးကို ဖြုတ်ပြီး စမ်းကြည့်တော့ ပြန်ကောင်းနေတာပဲ။ အဲဒီ OS ပြဿနာလေးတော့ နည်းနည်းရှိသေးတယ်။

Root လုပ်ခြင်း

Root လုပ်လိုက်ရင် market ပွင့်လာတယ်။ Super user ရလာတယ်။ adb နဲ့ တော့ fully root မရဘူး။ super user က app အနေနဲ့ပဲ ပေါ်လာတာ။ Nook Color ထဲမှာ type fresh လိုမျိုး root လိုတဲ့ app ကို သုံးရင်တော့ root ရတယ်။ Root လုပ်လိုက်ရင် တချက်ချက် ကြောင်တယ်။ တချက်တချက် နည်းနည်းလေး နှေးသွားတယ်။ တခြား ပြဿနာ ထွေထွေ ထူးထူးမရှိဘူး။ End User အနေနဲ့ကတော့ Root လုပ်ပြီးရင် သုံးရတာ နည်းနည်းတော့ ခက်မယ်။ End User အနေနဲ့လည်း root လုပ်လည်း သိပ်မထူးဘူး။ မြန်မာလို ဖတ်ချင်ရင်တော့ root လုပ်မှ ရမှာပေါ့။

အခြား

color နဲ့ စာဖတ်ချင်သူတွေကတော့ Nook Color ကို recommend လုပ်တယ်။ battery က wifi မသုံးထားရင် ၈ နာရီခံတယ်။ စာဖတ်ဖို့အတွက် လုံလောက်တယ်။ စာတကယ် ဖတ်လို့ကောင်းတာကတော့ e-ink ပဲ။ Amazon ရဲ့ kindle နဲ့ စာဖတ်ရတာ အရမ်းမိုက်တယ်။ ခက်တာက Touch မဟုတ်တော့ Zoom ပြဿနာလေးတွေ ရှိတယ်။ အကုန်လုံးက ခလုတ်နဲ့ သွားနေရတော့ iPad သုံးရတာ အကျင့်ပါနေတဲ့သူတွေအတွက် သိပ်အဆင်မပြေဘူး။ သို့ပေမယ့် e-ink က တကယ့်စာအုပ်ဖတ်နေရသလို ဖတ်လို့ကောင်းတာတော့ အမှန်ပဲ။ ဈေးသက်သက်သာသာနဲ့ Color စာအုပ်တွေ pdf , epub, doc, docx စတာတွေ ဖတ်ဖို့အတွက်ကတော့ Nook Color ကို recommend လုပ်ပါတယ်။

Nook Color အကြောင်းကို ကိုဒီဘီ ရဲ့ Blog မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

6 Comments

  1. ye htutnaung says:

    လAndroid မှာ root လုပ်ပြီး myanmar font သွင်းတာ အဆင်မပြေဘဲ။ busy box သွင်းမှ အဆင်ပြေသွားတယ်။ busy box အသုံးဝင်ပုံကို သေသေခြာခြာ မသိလို့ ရှင်းပြပေးပါ။

    1. saturngod says:

      i’m not android user and I don’t know … sorry ..

  2. Jia_Li says:

    ရိုးရိုး Nook (e-ink) ကိုရောဘယ်လိုသဘောရလဲမသိဘူး ..
    e-ink မှာဆိုရင်ကော Kindle နဲ့Nook ဘယ်ဟာပိုကောင်းလဲမသိဘူး
    ကိုစေတန်သိရင်ပြောပြပေးပါ .. thz ပါ ..

    1. saturngod says:

      i don’t know about nook e-ink. e-ink is not best for pdf. Zoom is very hard in e-ink. epub or mobi is great in amazon kindle.

  3. leo says:

    isn’t Nook is android based ? O-o

    1. saturngod says:

      yes , it’s android base

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.