Xiaomi Mi Wifi Router 3

Router အသစ်ဝယ်ဖို့ လိုက်ကြည့်တော့ router တော်တော်များများက S$100 ကျော်နေပြီး ထင်သလောက် range မရတာကြောင့် S$100 အောက် router ကောင်းကောင်းလေး တစ်ခု ရှာဖြစ်တယ်။ S$150 လောက်ဆိုရင်တော့ router ကောင်းကောင်း တစ်လုံး ဝယ်လို့ ရပေမယ့် အဲဒီလောက်ထိ ပိုက်ဆံ မသုံးချင်တာလည်း ပါတယ်။

Lazada မှာ Mi Wifi Router 3 discount တာတွေ့တာနဲ့ coupon code နဲ့ ဝယ်လိုက်တာ S$44 လောက်ပဲ ကျတော့တယ်။ အတော့်ကို တန်တာနဲ့ ဝယ်ဖြစ်လိုက်တယ်။

Setup ကလည်း ထွေထွေထူးထူး လုပ်စရာ မလိုသလို Phone app ကနေ တဆင့်လွယ်လင့် တကူ setup လုပ်လို့ ရပါတယ်။ Web UI ကနေ setup လုပ်မယ်ဆိုရင်တော့ အကုန်လုံးဟာ တရုတ် စာ နဲ့ ဖြစ်ပါတယ်။ Chrome ကို အသုံးပြုပြီးတော့ တရုတ်စာတွေကို အကုန်လုံး English စာ အနေဖြင့် မြင်အောင် ဖန်တီးနိုင်ပါတယ်။


S$ 44 နဲ့ ရပေမယ့် အတော့်ကို တန်တယ်လို့ ဆိုရမယ်။ USB အပေါက်ပါပြီးတော့ file sharing လုပ်ထားလို့ ရသလို အသုံးပြုသည့် device တစ်ခုချင်းစီ အလိုက် လိုက်ပြီးတော့ permission တွေ ဖန်တီးလို့ ရတာလေးကိုတော့ သဘောကျတယ်။


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.