Bill Gates ရဲ့ recommend လုပ်တဲ့ စာအုပ်တွေထဲမှာ ရှားရှားပါးပါး ဝတ္ထုစာအုပ် တစ်အုပ်ပါပါတယ်။ စာအုပ်တော်တော်များများက non-fiction တွေ ဖြစ်ပြီး Graeme Simsion ရေးထားတဲ့ The Rosie Project ကို သူ့ မိန်းမက recommend လုပ်လို့ ဖတ်ကြည့်ပြီးတော့ သူက ပြန်ပြီး recommend လုပ်ထားတာပါ။

Rosie Project

လတ်တလော ဖတ်စရာ စာအုပ် ကုန်နေတာနဲ့ Rosie Project ကို ဖတ်ကြည့်လိုက်တော့ ၄ ရက် လောက်နဲ့ ပြီးသွားတယ်။ တော်ရုံတန်ရုံ စာအုပ် ၁ အုပ်ကို ၁ လ လောက် အေးအေးဆေးဆေး ဖတ်ပေမယ့် Rosie Project က ရယ်ရတာကြောင့် လက်က မချနိုင်ဘူး ဖြစ်သွားတယ်။

စာအုပ်ကတော့ အဓိက ဇာတ်ကောင် လူပျိုကြီး တစ်ယောက် , Gentics Profressor Don Tillman အကြောင်းကို ရေးထားတာပါ။ မိန်းမယူဖို့ အတွက် Wife Project ကို စရင်း နဲ့ Rosie ဆိုတဲ့ ကောင်မလေး တစ်ယောက် နဲ့ တွေ့တယ်။ Rosie က သူမှန်းထားတဲ့ အချက်တွေ နဲ့ မကိုက်ဘူး။ သို့ပေမယ့် Rosie အဖေ ရှာပုံတော် ဖွင့်ဖို့ ကူညီပေးတဲ့ အကြောင်းကို ဟာသ ဆန်ဆန် ရေးထားတာပါ။ ဖတ်လို့တော့ ကောင်းပါတယ်။ နောက်ပြီးတော့ DNA စစ်ဖို့ အတွက် DNA ကို ဘယ်လို ရယူနိုင်ကြောင်းလေးတွေ ကို သိရပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ဖတ်ချင်ရင်တော့ ဖတ်လို့ ကောင်းတဲ့ စာအုပ် တစ်အုပ်ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading