Web 2.0 လို့အော်နေကြတာ ကြာပါပြီ။ အခု Google ကလည်း broswer အသစ် Google Chrome ဆိုပြီး ထုတ်လိုက်ပြန်ပြီ။ သုံးကြည့်လိုက်တော့ တော်တော်လေးတော့ သဘောကျမိတာ အမှန်ပဲဗျ။ သုံးရတာ မိုက်တယ်။ ဒါပေမယ့် အားသာချက် အားနည်းချက်ဆိုတာတော့ ရှိစမြဲပဲ။ Chrome ဟာ Firefox, IE , Opera, Safari စတဲ့ browser တွေ အားသာချက်တွေကို စုပေါင်းထားတယ်။ နောက်ပြီး မြင်ကွင်း ကျယ်ကျယ်မြင်ရတာကတော့ တခြား browser တွေထက် သာတာပဲဗျ။ အဲဒါက တော်တော်လေး အရေးပါပါတယ်။ မြန်မာစာအတွက်တော် တော်တော်လေးကို အဆင်ပြေတယ်။ Unicode 5.1 ကို လိုက်နာထားတာကိုတွေ့ရတယ်။ ဒီလိုဗျာ။ ရန် ဆိုတဲ့အထဲမှာ န် ကို back space နှိပ်လိုက်ရင်–် တစ်ခုထဲမဟုတ်ပဲ န် တစ်ခုလုံး ဖျက်လိုက်တယ်။ နောက်ပြီး သဘောကျတာကတော့ download ပဲ။ တော်တော်လှတယ်။ download ကို လှလှပပလေး လုပ်ထားတယ်။ အကြိုက်ဆုံးက browser ထဲမှာ ရှာတဲ့ Search ပဲ။ အရမ်းမိုက်တယ်။ Ctrl + F နှိပ်လိုက်တာနဲ့ ကျလာတဲ့ search box လေးနဲ့ key ထည့်လိုက်တာနဲ့ ဘယ်နှစ်ခုတွေ့လဲ ဖော်ပြပေးတာလေးက မိုက်တယ်။

မကောင်းတဲ့အချက်ကတော့ wiki တို့ကို တိုက်ရိုက်ရှာမရတော့ဘူး။ Beta မို့နဲ့တူပါတယ်။  နောက်ပြီးတော့ Download လုပ်ရင် ဘယ်နေရာ မှာသွားသိမ်းမလဲ မမေးဘူး။ Options ကနေ တစ်ခါတည်း Setting ချထားရတယ်။ နောက်ပြီး အဆိုးဆုံးကတော့ Internet ပေါ်ကနေ Download ချပြီး သွင်းတာပဲ။ ဒီလောက်အကြီးကြီးကိုဗျာ။ မြန်မာနိုင်ငံကလူတွေ အင်တာနက်မကောင်းတဲ့လူတွေကို ထည့်မတွက်သေးဘူး။ တော်သေးတာပေါ့။ WiMax 512 လေးနဲ့ ဒီမှာ ညိမ့်နေလို့။ နောက်မို့ဆို Google  ကို ဆဲဆိုနေမှာ။ comment မှာ offline installer လေး ပါပါတယ်။

2 responses to “Google Chrome”

  1. နောက်အားနည်းချက်တစ်ခုက google ခေါ်ပြီး google serach box မှာ မြန်မာလိုရိုက်ရင် လေးထောင့်တုန်းတွေပဲပေါ်တယ်ဗျ။ ကျွန်တော် option ထဲက fonts မှာလဲ zawgyi-one fonts ပြောင်းပေးသွားပြီ အဲဒါလဲမရဘူး။

  2. http://www.4shared.com/file/61576647/8e1be2c/chrome_installer.html

    Dr.Carbon တင်ပေးလိုက်တာပါ။ Offline Installer လေးပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading