Xiaomi Yi Action Camera

Xiaomi Yi Action Camera ကို Qoo10 က နေ တဆင့် ဝယ်ဖြစ်တယ်။ လက်ရှိ Singapore မှာ Xiaomi က official မရောင်းတာ ကြောင့် Qoo10 က နေ ဈေး အသက် အသာ ဆုံး ကို ရှာပြီး ဝယ်ဖြစ်တယ်။ ကျွန်တော် ဝယ်တုန်းကတော့ S$ 99 ပဲ ပေးရပါတယ်။ Xiaomi က တရုတ်မှာ ရောင်းတာကတော့ US $ 64 ရှိပါတယ်။ Singapore ငွေ S$83 လောက်ပဲ ရှိမယ်။ သို့ပေမယ့် အဲဒီ အချိန်တုန်းက ဈေးအသက်အသာဆုံးက S$99 ဖြစ်တာကြောင့် အဲဒီကနေ ပဲ ဝယ်ဖြစ်သွားတယ်။

ဝယ်ပြီး ၂ ပတ်လောက် အကြာမှာတော့ ပစ္စည်းရောက်လာပါတယ်။ သို့ပေမယ့် battery charging လုပ်မရတာကြောင့် 10 မိနစ် လောက် စမ်းပြီးတော့ သုံးမရ ဖြစ်သွားတယ်။ ဝယ်ထားတဲ့ merchant ကို ပြောပြီးတော့ ချက်ခြင်း ပြန်လဲ ပေးတာကြောင့် ဒီနေ့မှ ကောင်းကောင်း သုံးဖြစ်တော့တယ်။

MicroSD format Problem

ပထမဆုံး ကြုံရတဲ့ ပြဿနာက micro SD card ပဲ။ SD card ကို လုံးဝ မသိဘူး ဖြစ်နေတယ်။ Mac ကော Windows ကော Android နဲ့ကော format ချတာပေမယ့် သုံးမရဘူး။ ဒီအလုံးလည်း ပျက်နေပြီ ထင်ပြီး အြခား SD card စမ်းတော့ ရနေတယ်။ ဒါနဲ့ DSLR camera မှာ micro SD card ကို Adapter ခံပြီး သုံးကြည့်တော့ format ချခိုင်းနေတာနဲ့ ချလိုက်တယ်။ ပြီးတော့ Yi Action camera မှာ ပြန်စမ်းကြည့်တော့ အဆင်ပြေသွားတယ်။

Xiaomi Yi Action camera က Android App က ပဲ မကောင်းတာလား firmware ကပဲ မကောင်းတာလည်း မသိဘူး။ Android App ကနေ SD card ကို format ချလိုက်တိုင်း camera hang သွားတယ်။ Battery ကို ဖြုတ်ပြီးတော့ restart ချမှ အဆင်ပြေတယ်။ နောက်ဆုံး DSLR ကျေးဇူးနဲ့ micro SD card ကို format ချပြီး ကောင်းကောင်း သုံးလို့ရတော့တယ်။ ဒါကြောင့် SD card ကို format ချပါလို့ ဆိုရင် ကိုယ့်မှာ ရှိတဲ့ digital camera ကနေ format ချပြီး သုံးတာ ပိုအဆင်ပြေလိမ့်မယ်။ Yi Action Camera app က အဲဒီအတွက် သုံးမရဘူး။

yi1

yi2

yi3

yi4

Image Quality

ဓာတ်ပုံရိုက်တဲ့ အခါမှာ image quality က မဆိုးလှဘူး။ 16 MP ဆိုတဲ့ အတွက် image resoultion က တော်တော်ကြီးကြီး ရပါတယ်။ 4608 x 3456 resoultion ထိ ရပါတယ်။ Image file size က 2.8 MB ရှိပါတယ်။ သို့ပေမယ့် Android App က ဖြစ်ဖြစ် iOS App က ဖြစ်ဖြစ် အဲဒီ image size က ပြန်ကြည့်ဖို့ မလွယ်ပါဘူး။ အရမ်းကို နှေးပါတယ်။ 5 MP လောက် ဆိုရင် အတော့်ကို မြန်ပေမယ့် image quality က မကောင်းလှဘူး။ 2K resoultion ရှိပေမယ့် ပုံတွေက ဝါးတားတား ဖြစ်နေပါတယ်။ 155 Degree Wide Lens ဖြစ်တာကတော့ မဆိုးဘူး ဆိုရမယ့်။

img1
img2

Video Quality

Video Quality က 1080P 60FPS ရပါတယ်။ သို့ပေမယ့် stabilization မပါတဲ့အတွက် အရမ်းကို တုန်ပါတယ်။ လက်နဲ့ ကိုင်ပြီး လမ်းလျှောက်သွားတဲ့ video တွေက အတော်လေးကို တုန်နေတာကို တွေ့ရတယ်။ video အတွက် file ၂ ခု ထွက်တာကို တွေ့ရတယ်။ High resolution တစ်ခုနဲ့ thumb video တစ်ခုပါ။

Android/iOS

Android ကိုတော့ သူ့မှာ ပါတဲ့ QR code လေးကို scan လုပ်ပြီးတော့ download ချနိုင်ပါတယ်။ Link ကတော့ http://sports.xiaoyi.com/app ကို Android ကနေ ဖွင့်ပြီး download ချနိုင်ပါတယ်။

Android အတွက်ပဲ ရပါသေးတယ်။ iOS အတွက် LinkInEyes နဲ့ တွဲပြီး အသုံးပြုနိုင်ပါတယ်။

iOS အတွက် Wifi ကို YDXJ_XXXXXX ကို ချိတ်လိုက်ပါ။ Default password ကတော့ 1234567890 ပါ။ ပြီးရင် LinkInEyes ကို ဖွင့်ပြီး အသုံးပြုနိုင်ပါတယ်။ Official iOS app ကတော့ Apirl လထဲမှာ ထွက်မယ်လို့ ဆိုပါတယ်။

Battery

ရရြခင်း Battery ကိုတော့ မိနစ် ၉၀ အားသွင်းရပါတယ်။ Video တောက်လျှောက် ကူးမယ်ဆိုရင် ၂ နာရီ ခံပါတယ်။ battery percentage ကိုတော့ camera မှာ အရောင် ၃ ရောင် နဲ့ပြပါတယ်။

  • 100% – 50% ကို အပြာရောင်
  • 49% – 15% ကို ခရမ်းရောင်
  • 14% – 0% ကို အနီရောင် နဲ့ ပြပေးပါတယ်။

Accessories

အခုအချိန်ထိ external Accessories တွေ မရှိသေးပါ။ Waterproof အတွက် case လည်း မရနိုင်သေးပါ။ External Battery လည်း ဝယ်မရသေးပါ။ Travler Edition မှာ ဆိုရင်တော့ selfie stick ပါပါတယ်။ ဒါမှမဟုတ် ကိုယ့်မှာ ရှိတဲ့ selfie stick ကို အသုံးပြုလည်း အဆင်ပြေပါတယ်။

ဝယ်သင့်သလား ?

အြခား camera တွေ ဖြစ်တဲ့ Go Pro Hero Entry Level (S$190) , sj5000 (around S$190) စတာတွေ ရှိပါတယ်။ သို့ပေမယ့် Xiaomi Yi Action camera က ဈေးအသက်အသာဆုံးပါပဲ။

တခြား camera တွေကို မစမ်းဘူးသည့်အတွက် ကျွန်တော် မသိပါဘူး။ Xiaomi ကတော့ Android App quality က သုံးပျော်ရုံလောက်ပဲ ရှိပါတယ်။ Lens က အပြင်ထွက်ပြီးတော့ case ရယ် Lens Cover မရှိတာကြောင့် သိမ်းမယ်ဆိုရင် နည်းနည်းတော့ ဂရုစိုက်ရပါတယ်။ Video ကိုလည်း သိပ်ပြီး စိတ်တိုင်းမကျလှတဲ့ အတွက် So-So လို့ ပဲ ဆိုရလိမ့်မယ်။ Accessories တွေ လည်း မရှိသေးတဲ့အတွက် ပိုက်ဆံ နည်းနည်း ထပ်လိုက်နိုင်ရင် နာမည်ပိုရှိတဲ့ Go Pro ဒါမှမဟုတ် SJ5000 ကို အရင် စမ်းကြည့်ဖို့ အြကံပြုပါရစေ။

Update: ညဘက် က wifi နဲ့လည်း ချိတ်လို့ရတယ်။ အကုန်အဆင်ပြေတယ်။ မနက်လည်း ရောက်ကော wifi က အလုပ်မလုပ်တော့ဘူး။ firmware လည်း restore လုပ်ပြီးပေမယ့် wifi ကို ရှာ မတွေ့တော့ဘူး။ သုံးရတာ stable မဖြစ်တာတော့ အမှန်ပဲ။ အခုတော့ ဝယ်ဖို့ကိုတော့ recommend မလုပ်ပါဘူး။

2 Comments

  1. Arnold Myint says:

    Thanks for your opinion. I was wondering to get something like this. HTC RE Camera is also one thing that we could consider in the US$ 199 range.

    1. saturngod says:

      HTC Re က S$348 ရှိတယ်။ SJ5000 ထပ် ၂ ဆလောက် ဈေးကြီးတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.