Fixed Rabbit Converter

Rabbit converter အကြောင်းကို ဒီမှာ ကျွန်တော် ရေးဖူးပါတယ်။ Github မှာ issues ဖွင့်ပြီးတော့ မှားနေတာတွေကို ပြောပြပေးတဲ့ ကိုမြတ်မင်းစိုး ကိုလည်း ကျေးဇူးတင်ပါတယ်။

Fixed

အခု update မှာ unicode ကနေ ဇော်ဂျီ ပြောင်းတဲ့ အခါမှာ မင်္ဂလာကြိုး စသည့် bugs ၂ ခုကို ပြင်ထားပါတယ်။ ဇော်ဂျီ ကနေ unicode ပြောင်းတဲ့ အခါမှာ ကြွေ ၊ ကျွေ စသည့် bugs ကို လည်း ပြင်ထားပေးပါတယ်။

စမ်းကြည့်ချင်တယ်ဆိုရင်တော့ Github Page မှာ စမ်းကြည့်လို့ရပါတယ်။

Rabbig Android App ကိုလည်း update လုပ်ထားပေးပါတယ်။

For Developer

အခု update လုပ်လိုက်တဲ့ Rabbit မှာ C# ကို ပါ Support လုပ်ထားပါတယ်။

ဒါကြောင့် Rabbit Converter ဟာ အခု အခါမှာ language ၇ မျိုး မှာ အသုံးပြုနိုင်ပါပြီ။

Language တွေကတော့

  • Java
  • Objective-C
  • Swift
  • Python
  • PHP
  • Ruby
  • C#

rule အသစ်တွေ ထပ်ဖြည့်ချင်ရင်တော့ rule တွေကိုတော့ source/rule/ အောက်မှာ ရှိပါတယ်။

ပြီးရင် Build လုပ်ချင်ရင်တော့

[code lang=text]
cd source
node build.js
[/code]

ဆိုပြီး node.js script နဲ့ language အားလုံးကို generate လုပ်ဖို့ ဖန်တီးထားပါတယ်။

Build လုပ်ပြီးသွားရင်တော့ output folder ထဲမှာ generate လုပ်ထားတဲ့ language တွေကို ရယူနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading