Fixed Rabbit Converter

Rabbit converter အကြောင်းကို ဒီမှာ ကျွန်တော် ရေးဖူးပါတယ်။ Github မှာ issues ဖွင့်ပြီးတော့ မှားနေတာတွေကို ပြောပြပေးတဲ့ ကိုမြတ်မင်းစိုး ကိုလည်း ကျေးဇူးတင်ပါတယ်။

Fixed

အခု update မှာ unicode ကနေ ဇော်ဂျီ ပြောင်းတဲ့ အခါမှာ မင်္ဂလာကြိုး စသည့် bugs ၂ ခုကို ပြင်ထားပါတယ်။ ဇော်ဂျီ ကနေ unicode ပြောင်းတဲ့ အခါမှာ ကြွေ ၊ ကျွေ စသည့် bugs ကို လည်း ပြင်ထားပေးပါတယ်။

စမ်းကြည့်ချင်တယ်ဆိုရင်တော့ Github Page မှာ စမ်းကြည့်လို့ရပါတယ်။

Rabbig Android App ကိုလည်း update လုပ်ထားပေးပါတယ်။

For Developer

အခု update လုပ်လိုက်တဲ့ Rabbit မှာ C# ကို ပါ Support လုပ်ထားပါတယ်။

ဒါကြောင့် Rabbit Converter ဟာ အခု အခါမှာ language ၇ မျိုး မှာ အသုံးပြုနိုင်ပါပြီ။

Language တွေကတော့

  • Java
  • Objective-C
  • Swift
  • Python
  • PHP
  • Ruby
  • C#

rule အသစ်တွေ ထပ်ဖြည့်ချင်ရင်တော့ rule တွေကိုတော့ source/rule/ အောက်မှာ ရှိပါတယ်။

ပြီးရင် Build လုပ်ချင်ရင်တော့

[code lang=text]
cd source
node build.js
[/code]

ဆိုပြီး node.js script နဲ့ language အားလုံးကို generate လုပ်ဖို့ ဖန်တီးထားပါတယ်။

Build လုပ်ပြီးသွားရင်တော့ output folder ထဲမှာ generate လုပ်ထားတဲ့ language တွေကို ရယူနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.