My Lockbox program ဟာ folder lock လိုမျိုး program တစ်ခုပါပဲ။ သင့် folder ကို အခြားသူတွေ မမြင်ရအောင် ကာကွယ်ပေးထားတယ်။ သင့်အနေနဲ့ LockBox ကနေ password ရိုက်ထည့်ပြီး ဖြည်မှသာ အဲဒီ folder လေးကို မြင်ရပြီး ဖွင့်လို့ရမှာပါ။ အရင်က folder lock သုံးဖူးပေမယ့် adobe air နဲ့ ညှိနေတဲ့အတွက်ကြောင့် နောက်ပိုင်းမှာ adobe air သုံးချင်တာနဲ့ ဖြုတ်ချခဲ့ရပါတယ်။ folder lock က free version မဖြစ်တဲ့အတွက်ကြောင့် patch လုပ်ပြီး အသုံးပြုခဲ့တာကြောင့် stable ဖြစ်တယ်လို့ ပြောလို့မရဘူး။ အခု My Lockbox ကတော့ folder lock မှာပါတဲ့ feature အားလုံးနီးပါး ပါဝင်မှုရှိပြီး free version ဖြစ်တာကြောင့် စိတ်ချလက်ချသုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ အခုလက်ရှိ တစ်ခြား folder encryption တွေ lock တွေထက် free ရတဲ့ My Lockbox ကို စိတ်ကျေနပ်မိတယ်။ အဲ…. သူက folder lock လိုမျိုးပဲ Linux ဘက်ကနေ ကြည့်ရင်တော့ lock ဖြစ်မနေပဲ ဖွင့်လို့ရနေပါတယ်။ windows ပိုင်းကနေဆိုရင်တော့ စိတ်ချရတဲ့ Locker လေးပါပဲဗျာ…. Folder Lock လုပ်ဖို့ software သုံးချင်ရင်တော့ My Lockbox လေးကို စမ်းသုံးကြည့်လိုက်ပါဗျာ..

http://www.fspro.net/folder-lock-box/

4 responses to “My Lockbox”

  1. လင်းလက် Avatar
    လင်းလက်

    အစ်ကို My Lockbox ကစိတ်မချရဘူူးထင်ပါတယ်

    1. အခုတော့ အဲဒါပဲ သုံးနေတာပဲလေ.. Free ဖြစ်တော့ စိတ်ချမ်းသာတယ်.. ဘယ်သူမှလည်း အတင်းလာမဖောက်ပါဘူး.. :D

      1. အခု အဲဒီsoftware ရှာမတွေ့တော့ဘူး။
        အဆင်ပြေတဲ့ link လမ်းညွှန်ပါဦး ဆရာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading