Want to be webdeveloper ?

ကျွန်တော် အရင်တုန်းက ကိုယ့်ကိုယ် developer တစ်ယောက်လို့ မဆိုရဲဘူး။ ဘာလို့လည်းဆိုတော့ အရံသင့် script တွေကိုပဲ အသုံးများခဲ့တယ်လေ။ Joomla , WordPress စတာတွေကိုပဲ အဓိကသုံးခဲ့တယ်။ ကိုယ်တိုင် own tune ရေးတယ်ဆိုတာ မရှိပါဘူး။ အခုတလော JQuery ကိုလေ့လာရင်း own tune လေးတွေ ရေးဖြစ်တယ်။ CMS ကြီး တစ်ခုတော့ ရေးဖို့ အချိန်မပေးနိုင်ဘူးပေါ့ ။ ဒါပေမယ့် ကိုယ် လိုချင်တဲ့ဟာ ကို ကိုယ်ကိုယ် တိုင်ဖန်တီးရတာ ပျော်ဖို့ကောင်းတယ်။ ရေးရတာ သိပ်ခက်ခဲရင် ကိုယ်တိုင်ရေးလိုက်တာ ပိုကောင်းတယ်ဗျ။ ကိုယ့်ဘာသာကိုယ် ကောင်းကောင်းပြုပြင်နိုင်တယ်။ လိုအပ်သလို ထပ်ဖြည့်နိုင်တယ်။ အခြား service တွေထပ်လုပ်နိုင်တယ်လေ။ ကျွန်တော်တို့အနေနဲ့ web developer တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်လဲ။ ဘာတွေ ပြင်ဆင်ဖို့လိုလဲ။ ဘာတွေ လေ့လာဖို့လဲ။

တတ်မြောက်ဖို့ လိုတာတွေက

သေချာတာကတော့ web ဆိုကတည်းက HTML ကို မဖြစ်မနေ တတ်မြောက်ဖို့လိုပါတယ်။ HTML ကို သေသေချာချာ တတ်မြောက်ချင်ရင်တော့ အရင်ဆုံး notepad နဲ့ လေ့လာသင့်တယ်။ ပြီးမှ Dreamweaver ကို သုံးပြီး HTML ရေးပေါ့။ HTML ပြီးရင်တော့ CSS ကို ဆက်လေ့လာဖို့လိုတယ်။ CSS ဆိုတာက web design ရဲ့ အသက်ပဲလို့ ဆိုလို့ရတယ်။ သူက website တစ်ခုလုံး လှပပြီး ဆွဲဆောင်မှုရှိအောင် ဖန်တီးပေးမှာလေ။ design လှလှ မဆွဲတတ်ရင် နေမယ်။ ဒါပေမယ့် CSS ကို တတ်ကျွမ်းနားလည်မှသာ web developer တစ်ယောက်ဖြစ်နိုင်မှာပါ။ CSS ကို သေသေချာချာ သိပြီး HTML နဲ့ CSS ပေါင်းပြီး web site တွေရေးနိုင်ပြီဆိုရင်တော့ ကိုယ်ပိုင် site တစ်ခုလေး စမ်းသင့်တယ်။ အဲဒီအခါမှာတော့ ကိုယ်ဖန်တီးထားတဲ့ website တစ်ခုလုံး ရုပ်လုံးပေါ်လာတာကို တွေ့ပြီး ပိတီဖြာရပါလိမ့်မယ်..  ပြီးရင်တော့ Javascript ကို စတင်လေ့လာဖို့ လိုလာပါပြီ။ javascirpt ကို သေသေချာချာ နားလည်ဖို့အတွက် pseudo code နဲ့ programming အခြေခံ တတ်ကျွမ်းထားဖို့လိုတယ်။ programming skill က web developer တစ်ယောက်အတွက် လိုအပ်တဲ့ skill တစ်ခုပါပဲ။ programming ကို မပိုင်နိုင် မတတ်ကျွမ်းဘူးဆိုရင် web developer ဖြစ်ဖို့ ခက်ခဲပါတယ်။ နောက်ပြီး javascript အဆင့်မှာ တင် စိတ်ပျက်သွားနိုင်တယ်လေ။

Javascript တွေ လေ့လာ တတ်ကျွမ်းသွားရင်တော့ web developer တစ်ယောက်လို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် Professional တစ်ယောက် မဟုတ်သေးဘူး။ beginner အဆင့်ထက်တော့ နည်းနည်းသာတာပေါ့။ web developer ဆိုတာ ဘာလဲဆိုတာ အရင် သိဖို့လိုတယ်။ web developer ဆိုတာက website တစ်ခုလုံးကို developing လုပ်နိုင်တဲ့လူပေါ့။ တနည်းပြောရင် ကိုယ်ပိုင် website တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ဆောက်နိုင်သူပေါ့။ Joomla , WordPress စတာတွေနဲ့လည်း website တစ်ခု လွယ်လွယ် ဆောက်လို့ရတယ်။ professional web developer တွေသာ လိုအပ်တဲ့အခါမှာ ကိုယ်တိုင် own code or own creation တွေ အသုံးပြုပြီး web site ကို တည်ဆောက်နိုင်စွမ်းရှိပါတယ်။ Joomla, WordPress စတာတွေ သုံးပေမယ့် လိုအပ်တဲ့ customization တွေကို ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိကြတယ်။ Opensource တွေကို ကောင်းမွန် အသုံးတည့်စွာ သုံးတတ်ကြတယ်။ web designer ရဲ့ design ကို ကောင်းမွန်တဲ့ website တစ်ခုဖြစ်လာအောင် develop လုပ်နိုင်တယ်လေ။

အခု HTML , CSS , Javascript တတ်မြောက်သွားတာက web designer အဆင့်ပဲရှိသေးတယ်လေ။ ကိုယ်ပိုင် website တစ်ခုကို static ပဲ တည်ဆောက်နိုင်သေးတယ်။ Database တွေအပြင် အခြား အပိုင်းတွေဖြစ်တဲ့ JSON , XML စတာတွေ အကြောင်း နားလည်ဖို့ လိုသေးတယ်။ Javascript တတ်ကျွမ်းပြီဆိုရင်တော့ programming အခြေခံ ရှိသွားပြီလို့ ဆိုလို့ရတာပေါ့။ အဲဒီအခါ ကိုယ် ဘယ်လိုင်း ဆက်သွားမလဲဆိုတာ စဉ်းစားရတော့မယ်လေ။ ယခု လက်ရှိ တည်ရှိနေတဲ့ လိုင်းတွေကတော့ ASP.NET , PHP , ROR , Django စတာတွေ လက်ရှိ ရှိနေပါတယ်။

ASP.NET မှာတော့ C# နဲ့ ရေးမလား VB.NET နဲ့ ရေးမလား စဉ်းစားဖို့လိုတယ်။ ASP.NET မှာ တချို့က C# ကို ကြိုက်ကြတယ်။ တချို့ကြတော့လည်း VB သမားတွေကနေ လာတဲ့အတွက်ကြောင့် VB.NET ကို သဘောကျတာကို တွေ့ရတယ်။ ဘာနဲ့ပဲရေးရေးပေါ့။ သိပ်အကွာကြီးလည်း မဟုတ်ဘူးလေ။ ကျွန်တော်ကတော့ အရင်တုန်းက C# ကော VB.NET ကိုပါ windows application အတွက် လေ့လာဘူးတယ်။ နောက်ပိုင်း ASP.NET အထိ ဆက်လေ့လာဖြစ်တယ်။ ASP.NET က ရေးသားရတဲ့ feel နဲ့ style ကို သဘောမကျလို့ ဆက်မလေ့လာဖြစ်ဘူး။ ကျွန်တော့်အမြင်ပေါ့နော်…. သူက အရာရာကို သူ့ control တွေ အောက်မှာ ထိန်းချုပ်ထားတယ်။ လုပ်ရတာလွယ်တယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့်နည်းတယ်လို့ ခံစားရတယ်။ ဒါပေမယ့် သူ့ကိုမှ အလုပ်တွေ ခေါ်ကြတယ်။ စာမေးပွဲ ဖြေလို့ကောင်းတယ်။ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်မယ့်လူတွေ အတွက် သင့်တော်တယ်လေ။

PHP ကတော့ လူအသုံးအများဆုံးပဲ။ ကျွန်တော်လည်း PHP ပဲ သုံးဖြစ်တယ်။ သူက ရေးရတာမှာ အလွယ်ဆုံးပဲ။ နောက်ပြီး လေ့လာရတာလည်း အရမ်းလွယ်တယ်။ ရှုပ်ထွေးမှု သိပ်မရှိဘူး။ programming logic တတ်ဖို့ရယ် နောက်ပြီး web အခြေခံဖြစ်တဲ့ query string , session, cookies စတာတွေ နားလည်ဖို့လိုတယ်။ အဲဒါတွေ နားမလည်ရင်တော့ developer တစ်ယောက်ဖြစ်ဖို့မလွယ်ဘူးနော်။
PHP က တော်တော်များများ opensource တွေပဲ။ wordpress , Joomla, Phpbb စတာတွေက php နဲ့ရေးထားတာတွေ။ လွယ်ကူအောင် ဖန်တီးပေးနိုင်တာ PHP ရဲ့ အစွမ်းပေါ့။ သူက ASP.NET နဲ့ ဘာကွာလဲဆိုတော့ သူ့ source code တွေကို လွယ်လွယ်ကူကူ မြင်နိုင်တာပဲ။ ASP.NET က compile လုပ်လိုက်တဲ့ code တွေကို ပြန်ဖတ်လို့ မရပေမယ့် PHP ကတော့ .php တွေကို လွယ်လွယ်ကူကူ ဖတ်နိုင်တယ် ပြင်နိုင်တယ်လေ။ ဒါကြောင့် company တွေ အတွက် project လုပ်မယ်ဆိုရင်တော့ အများအားဖြင့် ASP.NET ကို အသုံးပြုကြတာပေါ့။ PHP နဲ့ရေးပေးထားရင် ကိုယ်နဲ့ ဆက်မလုပ်ပဲ တခြား company နဲ့ ဆက်လုပ်ဖို့ လွယ်သွားတယ်လေ။ source code တွေ အကုန်လုံး ရပြီးပြီလေ။

ROR နဲ့ Django ကတော့ အခုနောက်ပိုင်း တချို့ site တွေ အသုံးများလာတယ်။ ROR နဲ့ twitter ကိုရေးထားတာလေ။ သူတို့တွေက ajax buit-in ပါပြီးသားတွေ။ ရေးရတဲ့ code ပိုင်းက အခြား PHP , ASP.NET တို့နဲ့ ယှဉ်ရင် ပိုမြန်တယ်လို့ဆိုပါတယ်။ blog တွေ CMS တွေ လွယ်လွယ်ကူကူ ဆောက်လို့ရတယ်လို့လည်း ဆိုကြတယ်။ ROR ကတော့ ruby on rails ဖြစ်ပြီး ruby programming တတ်မြောက်ထားဖို့လိုပါလိမ့်မယ်။ Django ကို တတ်ချင်ရင်တော့ python ကို တတ်ထားဖို့ လိုပါတယ်။

ကျွန်တော်တို့အနေနဲ့ web developing လုပ်တဲ့အခါမှာ web application တွေအထိပါ ကောင်းမွန်စွာ ရေးတတ်ဖို့လိုပါတယ်။ company တစ်ခုအတွက် website လောက်လေးပဲ ရေးမယ်ဆိုရင်တော့ အဲဒီ company website မှာ ဘာတွေ ပါမလဲ။ ဘာအတွက် သုံးတာလဲ။ just for information sharing အတွက် ပဲဆိုရင်တော့ joomla သို့မဟုတ် wordpress သုံးလိုက်ရင် အဆင်ပြေစေမှာပါ။ ကျွန်တော်တို့အနေနဲ့ အခြား customize ပိုင်းတွေပါလာမယ်ဆိုရင်တော့ စဉ်းစားဖို့လိုလာပြီ။ Add-on တွေနဲ့ အဆင်ပြေမလား။ ကိုယ်ပိုင် creat လုပ်တာ ပိုအဆင်ပြေမလား။ နောက်ပြီး add-on တွေ plugin တွေ ကောင်းကောင်းရေးနိုင်မလား။ ရေးဖို့လိုရင်လည်း လေ့လာဖို့လိုလာပါတယ်။

အခြား ကိုယ်ပိုင် web application တွေရေးချင်တယ်ဆိုရင်တော့ ကိုယ်ပိုင် ရေးသားတာ အကောင်းဆုံးပဲ။ ဥပမာ color match လုပ်တာဖြစ်ဖြစ် CMS တစ်ခုလုံးဖြစ်ဖြစ် အခြားအခြားသော ကိုယ်ရေးချင်တာတွေကို ကောင်းမွန်စွာရေးတတ်ဖို့ကို database နဲ့ web programming တစ်ခုခု တတ်မြောက်ထားဖို့လိုတယ်။ databaes က web app တွေမှာ အရေးပါပါတယ်။ database ဆိုတာ ဘာမှန်းမသိပဲ web site အကြီးကြီးတွေ ဆောက်ဖို့ မဖြစ်နိုင်ဘူး။ dynamic site တွေ ဆောက်ဖို့ရာ မဖြစ်နိုင်ပါဘူး။ HTML ,CSS, Javascirpt ပဲ တတ်မြောက်မယ်ဆိုရင်တော့ static page တွေလောက်ပဲ တည်ဆောက်နိုင်မှာပါ။

အခြား Effect ပိုင်းတွေ အခြား အသုံးဝင်တဲ့ အပိုင်းတွေဖြစ်တဲ့ Flash ကိုတော့ မကျွမ်းကျင်ရင်တော့ တတ်ထားဖို့လိုတယ်။ Photoshop ကလည်း အရေးပါတယ်။ Photoshop က design ပိုင်းကို လှအောင် ဆောင်ရွက်ပေးနိုင်တယ်။ developer အနေနဲ့ အခုခေတ်ကြီးမှာ code သာမက လိုအပ်တာလေး အနည်းအကျဉ်းလောက်ကို ပြင်ဖို့ web designer ကို အကူအညီတောင်းနေဖို့ အချိန်မရှိတော့ဘူးလေ။ ဒါကြောင့် Photoshop ကို တတ်မြောက်ဖို့လိုပါတယ်။ ပြီးရင်တော့ web 2.0 ခေတ်ကြီးထဲမှာ သင့် site တွေ AJAX မသုံးဘူးဆိုရင်တော့ ခေတ်ကုန်နေတဲ့ site လို့ ဆိုရမလိုဖြစ်နေပြီ။ ဒါကြောင့် AJAX ကို လေ့လာဖို့ ထပ်လိုလာပါတယ်။ AJAX အတွက် JQuery , Mootools အပြင် အခြား framework တွေ ရှိပါသေးတယ်။ ကျွန်တော်ကတော့ JQuery ပဲပေါ့။ အခုလက်ရှိ ornagai project ကို JQuery နဲ့ ရေးသားထားပါတယ်။ AJAX ကိုလေ့လာပြီရင်တော့ JSON ကိုပါ သိထားဖို့လိုလာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ သိဖို့ တတ်ဖို့ တွေ များလာတယ်။ အဲဒါအပြင် Flash မှာဆိုရင် XML ကို အသုံးပြုတဲ့အတွက်ကြောင့် XML မတတ်ရင်နေ လေ့လာထားဖို့ ထပ်လိုသေးတယ်ဗျ။

ကျွန်တော်တို့အနေနဲ့ ပညာတွေကို လေ့လာသင်ယူပြီးသွားတဲ့ အခါမှာတော့ web developer တစ်ယောက်ဖြစ်လာပြီလားဆိုတော့ ဖြစ်သင့်သလောက်ဖြစ်နေပြီ။ ဒါပေမယ့် ပြင်ပ ဆိုင်ရာ knowledge တွေလိုအပ်သေးတယ်လေ။ ပြင်ပဆိုင်ရာ knwledge ဆိုတာတွေက
၁. web site တစ်ခုကို local လုပ်ပြီးတဲ့အခါ ဘယ်လို hosting တင်မလဲ
၂. hosting ဆိုတာဘာလဲ
၃. hosting တစ်ခု ဝယ်မယ်ဆို ဘာတွေ အဓိက ကြည့်သင့်လဲ
၄. ကိုယ့် web app ဟာ ဘယ် hosting နဲ့အဆင်ပြေမှာလဲ
၅. Free Host တွေမှာကော အသုံးပြုနိုင်မလား
၆. Linux Hosting ဆိုရင် SSH နဲ့ ပတ်သက်ပြီး သိဖို့လိုတယ်
၇. Upload ဆိုတာဘာလဲ။ FTP ဆိုတာဘာလဲ။ စတာတွေ သိဖို့လိုတယ်။

Linux ပိုင်းကိုလည်း နည်းနည်းသိထားရင် ကောင်းမယ်။ PHP သမား ဖြစ်ခဲ့ရင်တော့ Linux ကို လေ့လာဖို့ လိုတယ်လေ။ အခုခေတ်ကြီးထဲမှာ တစ်ခုထဲ သိရုံနဲ့ မလုံလောက်တော့ဘူး။ ကိုယ်တကယ်လို့ အလုပ်ရခဲ့ရင် အလုပ်လုပ်တဲ့ company မှာ Linux ပဲသုံးတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် Linux ကို လေ့လာထားဖို့လိုလာပြီ။ ASP.NET သမားဆိုရင်တော့ Windows ကြီးကို ပိုက်ပြီး နေလို့ရတာပေါ့။ PHP ကို Windows , Linux , Mac ကြိုက်တဲ့နေရာမှာ ရေးလို့ရတယ်။ ASP.NET သမားဆိုရင်တော့ Windows Hosting လိုလာတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ စက်ဖိုးလောက်နဲ့ hosting ထားဖိုးလောက်ပဲ အကုန်ခံပြီးတော့ တင်လိုက်လို့ရပါတယ်။ နိုင်ငံတကာ ဈေးနှုန်းနဲ့ဆို နည်းနည်းများပေမယ့် upload အတွက်က copy & paste လုပ်ရတာလေးပဲလေ။ Linux Hosting တွေကတော့ ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။

Web developer တစ်ယောက်ဖြစ်ဖို့ဆိုတာ လေ့လာစရာ သင်ယူစရာတွေအများကြီးပါ။ ဒါကြောင့် အခု ဆောင်းပါးလေးကို ဖတ်ပြီးတော့ စိတ်ကျမကျသွားပါနဲ့  ။ မွေးကတည်းက တတ်တဲ့လူဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ ကိုယ်ပိုင် ဝါသနာနဲ့ လေ့လာမှုကြောင့် လူတွေ အောင်မြင်လာရတာပါ။ ကိုယ် ဝါသနာ ပါမပါဆိုတာ သိဖို့ကတော့ ခက်သား ။ ကျွန်တော်ဆို Programming ကို တော်တော်များများလေ့လာဖူးတယ်။ VB 6 ကနေ VB.NET , Java , C# , Ruby တစ်ခုမှ သဘောမတွေ့ခဲ့ဘူး။ VB.NET လေ့လာပြီးနောက်မှာ VB ကို လက်လွှတ်ပြီး C# ကိုလေ့လာခဲ့သေးပါတယ်။ သို့သော် သဘောမတွေ့ခဲ့ဘူး။ ပြီးတော့ Flash ကို XML , Action Script တွေပါ မကျန် တော်တော်များများ လေ့လာခဲ့တယ်။ သို့သော် သဘောမတွေ့…. ပြီးတော့ Flex ကို လေ့လာသေးတယ်…. မကြိုက်ပြန်…. ASP.NET web ပိုင်းကို ကူးခဲ့သေးတယ်… Hosting ပြသနာကြောင့် ဆက်မလုပ်ဖြစ်ခဲ့….. နောက်ဆုံးမှ PHP ကိုရောက်လာခဲ့တာပဲ… HTML ကတော့ ၁၀ တန်းလောက်က လေ့လာဘူးတယ်။ CSS , Javascript က First Year ကတည်းက တတ်ပြီးသားဆိုတော့ web ပိုင်းကို ပြောင်းရတာ အပန်းမကြီးဘူးပေါ့။ အခု JQuery ပိုင်းကို လေ့လာနေပါလို့ ပြောရင်း ပြီးမဆုံးတဲ့ လေ့လာသင်ယူနေတဲ့ ဘဝကြီးကို ပင်ပန်းမှုတွေကို ပျော်ရွှင်မှုတွေနဲ့ ဖြေဖျောက်ရင်း ဘဝကြီးကို ပျော်ပျော်ပါးပါး ချီတက်ကြတာပေါ့ဗျာ…

5 Comments

  1. ဟူးဟူး ဟူး…… ဘာပြောရမှန်းမသိအောင်ဖြစ်နေတယ် ကိုစေတန်ရေ…. ဒါပေမယ့် ခါချဉ်ကောင်ပဲဗျာ…….တစ်နေ့တလံပေါ့….ကျေးဇူးတင်ပါတယ်ဗျာ……..ယောင်တောင်ပေါင် တောင်လေးဖြစ်နေတာကို ခုလို ရှင်းပြတော့ နဲနဲတော့ ပေါက်တောက်တောက်လေး ဖြစ်လာတာပေါ့

  2. small man says:

    ်but i think; one man study one & another man study another one.And make website together.If not for to work at company.
    Unity is strength.ဆောင်းပါးလေးကို ဖတ်ပြီးတော့ စိတ်ကျမကျသွားပါနဲ့ ။

  3. aungpaingsoe says:

    programming မတတ်ရင်ရော Web developer ကို လေ့လာလို့ ရနိုင်လားဗျ
    ဒါမှ မဟုတ် programming အရင် တက်သင့်လား ပြောပြပေးပါ

    1. saturngod says:

      programming တတ်ထားရင် javascript အတွက် အများကြီး အသုံးဝင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.