သမိုင်း

  • ရန်ကုန်မှာ internet Connection အခြေအနေကတော့ တော်တော်ဆိုးတယ်ပဲ ပြောရမလား.. ဒါမှမဟုတ် အကောင်းဘက်ကလှည့်တွေးရင် Internet သုံးလို့ရသေးတာပဲ တော်သေးတယ်လို့ပဲ ဆိုရမလား မသိဘူးဗျာ… အခု Internet ကနေ ဘာမှကောင်းကောင်းလုပ်မရဖြစ်နေတယ်… Google Reader လေးပဲ ဖတ်နေရတဲ့ဘဝရောက်နေတယ်.. အခုတလော မီးကလည်းပျက် အင်တာနက်ကြီးကလည်း နှေးနဲ့.. စာကတော့ တော်တော်လေးကို ဖတ်ဖြစ်သွားပါတယ်.. အထူးသဖြင့် ပျူခေတ်အကြောင်းတွေကိုပေါ့… စာအုပ်တွေငှားတဲ့ ကိုညီလင်းဆက်ကိုလည်း ကျေးဇူးတင်ပါတယ်.. တကယ်ကောင်းတဲ့စာအုပ်ကောင်းတွေ ငှားပေးလိုက်တဲ့အတွက်… ကျွန်တော်သိချင်တဲ့ ပျူတွေ အကြောင်း မဆိုသလောက် သိလိုက်ရတယ်.. အခုအခါမှာတော့ ပျူဆိုတာ လက်ညိုးထိုးပြစရာတောင် မရှိတဲ့.. ဒဏ္ဍာရီဆန်ဆန်လူမျိုးတွေလိုမျိုးပါပဲ.. ဒါပေမယ့် တကယ်ရှိခဲ့တဲ့ လူမျိုးတွေဆိုတာ ကျောက်စာတွေက ပြောပြနေတယ်.. သူတို့ရဲ့ လက်ရာတွေက ပြောပြနေတာ… အဲဒီလိုမျိုးသိရတာလည်း သမိုင်းစရာတွေ……