What am I doing this day ?

ရန်ကုန်မှာ internet Connection အခြေအနေကတော့ တော်တော်ဆိုးတယ်ပဲ ပြောရမလား..
ဒါမှမဟုတ် အကောင်းဘက်ကလှည့်တွေးရင် Internet သုံးလို့ရသေးတာပဲ တော်သေးတယ်လို့ပဲ ဆိုရမလား မသိဘူးဗျာ…
အခု Internet ကနေ ဘာမှကောင်းကောင်းလုပ်မရဖြစ်နေတယ်…
Google Reader လေးပဲ ဖတ်နေရတဲ့ဘဝရောက်နေတယ်..
အခုတလော မီးကလည်းပျက် အင်တာနက်ကြီးကလည်း နှေးနဲ့..
စာကတော့ တော်တော်လေးကို ဖတ်ဖြစ်သွားပါတယ်..
အထူးသဖြင့် ပျူခေတ်အကြောင်းတွေကိုပေါ့…
စာအုပ်တွေငှားတဲ့ ကိုညီလင်းဆက်ကိုလည်း ကျေးဇူးတင်ပါတယ်..
တကယ်ကောင်းတဲ့စာအုပ်ကောင်းတွေ ငှားပေးလိုက်တဲ့အတွက်…
ကျွန်တော်သိချင်တဲ့ ပျူတွေ အကြောင်း မဆိုသလောက် သိလိုက်ရတယ်..
အခုအခါမှာတော့ ပျူဆိုတာ လက်ညိုးထိုးပြစရာတောင် မရှိတဲ့..
ဒဏ္ဍာရီဆန်ဆန်လူမျိုးတွေလိုမျိုးပါပဲ..
ဒါပေမယ့် တကယ်ရှိခဲ့တဲ့ လူမျိုးတွေဆိုတာ ကျောက်စာတွေက ပြောပြနေတယ်..
သူတို့ရဲ့ လက်ရာတွေက ပြောပြနေတာ…
အဲဒီလိုမျိုးသိရတာလည်း သမိုင်းစရာတွေ…
ဆရာနိုင်ပန်းလှတို့လို လူမျိုးတွေကြောင့်ပါ…
အထူးသဖြင့် သူတို့ရဲ့ ယဉ်ကျေးမှုပေါ့….
တော်တော်လေးကို မြင့်မားတဲ့ အချိန်မှာ ပျက်သုန်းခဲ့တာ နှမြောစရာပါ…

ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ပျူစောထီးကို ဖတ်ပြီး ပျူတွေကို သဘောကျခဲ့တာပါ…
အဲတုန်းက လူမျိုးဆိုတာတောင် ကောင်းကောင်းမသိသေးပေမယ့်..
ပျူစောထီးကတော့ hero ကြီးပေါ့…
အခုဖတ်ကြည့်လိုက်တော့ နည်းနည်းတောင် အောင့်သက်သက်ဖြစ်သွားတယ်..
အဲဒါကတော့ ဒဏ္ဍာရီပါ.. သမိုင်းတော့ မဟုတ်ပါဘူး..

ဟန်လင်းပျက်ရတဲ့အကြောင်း ဒဏ္ဍာရီလေးကတော့…
ဟန်လင်းမှာ မင်း ၇၉၉ ဆက်ထိတောင် ရှိခဲ့ပါတယ်..
နည်းတာမဟုတ်ဘူးနော်… ၁ ယောက်ကို နှစ် ၆၀ ပဲထား…
နှစ်ပေါင်း ၄၇၉၄၀ နှစ်တောင်…
မှန်းခြေ နှစ် ၄ သောင်းတောင်နော်..
ဟန်လင်းရှိခဲ့တာ… နှစ်တွေဒီလောင်ကြာခဲ့တာလား..
တွက်ကြည့်တော့ ယုံတောင် မယုံနိုင်ဘူး..
ဒါကြောင့်ပဲ ဒဏ္ဍာရီလို့ပြောတာပါ… ဟီး…
ဆက်အုံးမယ်..
နောက်ဆုံးမင်းဆက်က ပျူစောထီးပါ..
ပျူစောထီးလက်ထက်မှာ ညီတော် ပြုံးမင်းသားဆိုတာ ရှိသတဲ့ဗျာ..
ဘယ်လောင်တောင် ဘုန်းကြီးလဲဆို တစ်ခါပြုံးလိုက်တိုင်း..
ကောင်းကင်ကနေ ရတနာမိုး ရွာသွန်းဖြိုးပါတယ်ဗျာ..
ကျွန်တော့်အတွေးကတော့ ညီတောင်ပြုံးမင်းသား အပြုံးက လှလွန်းတာကို..
ဂုဏ်ရည်ဖွဲ့ ညွှန်းထားတာဖြစ်မယ်လို့ထင်ပါတယ်…

အဲဒီသတင်းကို တရုတ်က ဥတည်မင်းက သံစေလွှတ်ပြီး စုံစမ်းခိုင်းလိုက်တယ်..
အဲဒီအချိန်မှာ မရီးတော် တမလွန်မှာ ငရဲကျနေတာကို ပြုံးမင်းသားက ဇာတိဿရဉာဏ်နဲ့ သိတော်မှုလို့..
မပြုံးနိုင်ပဲ ရှိပါသတဲ့ဗျာ..
ဒါကို ပျူစေထီးက မင်းမိန့်ကို ဆန့်ကျင်တယ်ဆိုပြီး သတ်လိုက်ပါလေရော..
ဒါနဲ့ ကောင်းကင်က ပြာပူမိုးများရွာကျပြီး ဟန်လင်းဟာ ထီးနန်းသုန်းခဲ့ရပါတကား…

ညီတော် မပြုံးတာနဲ့ နောင်တော်က ဒေါသဖြစ်ပြီး သတ်တယ်ဆိုတာကတော့ တမျိုးပဲ..
အဲတုန်းက ပျူတွေကလည်း တရုတ်ကို ကြောက်ရတယ်နဲ့တူတယ်..
ဒါမှမဟုတ်… အဲဒါကို အကြောင်းပြုပြီး နမ်ချောင်တွေက စစ်တိုက်တယ်နဲ့တူပါတယ်…
ပြုံးမင်းသားကိစ္စကို အကြောင်းပြုပြီး…
စစ်မက်ဖြစ်ပွားနိုင်တယ်လေ.. ဘာဖြစ်လို့လည်းဆိုတော့ နမ်ချောင်တွေကလည်း နယ်ချဲ့နေတဲ့အချိန်လေ…
ကျွန်တော် စဉ်းစားတာနော်… ပြုံးမင်းသားက လိမ်ဆင်ကြီးပါ.. အဲဒီ သတင်းကမဟုတ်ပဲနဲ့ လွှင့်ပါတယ်..
ဒါငါတို့ ဘုရင်မင်းမြတ်ကို စော်ကားတာပါဆိုပြီး စစ်ဖြစ်နိုင်ချေရှိပါတယ်..
စစ်ဆိုတာ မခိုင်လုံတဲ့ အကြောင်းပြချက်တွေက နင်းကန်ပြပြီး စစ်ဖြစ်ကြတာပဲလေ…

နောက်တချက်က ပုဂံ ခေတ် အလောင်းစည်သူမင်းကြီးက..
ငါဘုန်းတန်ခိုးက မင်းတွေ အကုန်လုံးထက် ကြီးတယ်လို့ ပြောမိလို့…
မျက်စိကွယ်ခဲ့ဘူးတယ်… အဲဒီအခါမှာ ရှေ့က

3 responses to “What am I doing this day ?”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading