Deprecated

  • PHP 5.3 မှာ သုံးလို့မရတော့တဲ့ function တွေပါလာပါတယ်။ ကျွန်တော်တောင် ornagai မှာ split function သုံးထားတာကို ပြန်ပြင်လိုက်ရတယ်။ အဲလိုအခါတွေမှာ ဘာ function အစားထိုးရမလဲဆိုတာကို သိထားဖို့လိုပါတယ်။ အဲဒီအတွက်လည်း php.net မှာ ညွှန်းဆိုထားပြီးသားပါ။ split အစား preg_split() ကို အစားထိုးသုံးရပါတယ်။ အခြား function တွေလည်း အစားထိုးပြောင်းလဲသုံးရတာတွေ ရှိပါတယ်။ deprecated လုပ်လိုက်တာလည်း ကောင်းပါတယ်။ အချို့ function တွေ duplicate ဖြစ်နေတာတွေရှိနေတယ်။ လိုလည်း မလိုလောက်ဘူးထင်တာပဲ။ အချို့ function တွေက သုံးတဲ့လူတော်တော် ရှားပါတယ်။